part(4)

40.2K 4.7K 156
                                    

ပိုင်ဇေအိမ်ပေါ်ကနေ ကျောင်းသွားရန် လွယ်အိတ်လွယ်ပြီး ဆင်းလာသည်။မနေ့ညက ဂိမ်းဆော့တာညနက်သွားသည့်အတွက် ကျောင်းချိန်မမှီတော့ပင်မဲ့ ခပ်သွက်သွက်လုပ်နေရသည်။
သို့သော်အောက်ထပ်တွင် တန်းစီပြီးရပ်နေကြသော ခြံစောင့်တွေကော ဟင်းချက်တဲ့ အန်တီတွေ ကောင်မလေးတွေကို တန်းစီ တွေ့လိုက်ရ၍ အကျိုးအကြောင်းမေးလေသည်။
"ဒေါ်ကြီးမြ ဘာလုပ်နေတာလဲ?"

တစ်အိမ်လုံးရဲ့ အိမ်ထိန်းဖြစ်ပြီး မိမိကိုငယ်စဉ်ကတည်းက ထိန်းကျောင်းလာပေးသည့်အတွက် ကြီးတော်လိုဖြစ်နေသည့် ကြီးမြကို မေးတော့ မျက်စိမျက်နှာပျက်စွာပြန်ဖြေသည်။

"ဒေါ်မျိုးမျိုးခင် ပိုက်ဆံသုံးသိန်းပျောက်လို့တဲ့"

"ဟက်... သူဟာသူ သုံးတာများပြီး မေ့နေတာနေမှာပေါ့...သွားသွား ကိုယ်လုပ်စရာရှိတာလုပ်ကြတော့..."

ကိုယ့်အိမ်ကအလုပ်သမားအကြောင်းကိုယ်သိသည်။နေလာတာလည်းနှစ်တွေကြာနေပြီမဟုတ်လား...ထို့ကြောင့်ပိုင်ဇေက လူစုခွဲခိုင်းနေစဉ် အိမ်ပေါ်ထပ်က ဆင်းလာသူ ဖခင်၏ အသံကြောင့်အကုန်ပြန်စုသွားကြသည်။

"ဘယ်သူကသွားခိုင်းလို့လဲ!! ပိုင်ဇေ မင်းကျောင်းသွားစရာရှိတာသွား!"

"Daddy... သူတို့က ဒီလို ပျောက်ရင် ဒီလို အစစ်ခံရတာသိရက်နဲ့ယူမလား... Daddy မိန်းမကြီး သူ့ဟာသူ နှလုံးထိုး ချဲ ထိုးနဲ့ပြောင်သွားတာကိုကာချင်လို့နေမှာပေါ့..."

Daddy ဘေးတွင်လိုက်လာတဲ့ ဒေါ်မျိုးမျိုးခင်က သူ့ကိုမျက်စောင်းဖြင့်ကြည့်သည်။ ပြီးနောက် အိမ်အကူတွေဘက်ကိုသွားကာ ကောင်မလေးတစ်ယောက်အား ပါးကို ရိုက်ချလိုက်လေသည်။
နောက်တစ်ယောက်ကိုရိုက်ရန်ပြင်နေစဉ် ပိုင်ဇေသည် လက်ကို ဖမ်းလိုက်ကာ
"ဒီမှာ ဒေါ်မျိုးမျိုးခင်...ဒီအိမ်က လူတွေက အကုန် ဆွေမျိုးရင်းချာလို နေလာကြတာ... ခင်ဗျားကြီး ဘာမှ လက်ပါစရာမလိုဘူး!!ပြောစရာရှိတာ ပါးစပ်နဲ့ပြော!!"

ဒေါ်မျိုးမျိုးခင်သည် အံကြိတ်ကာ သူ့လက်ကိုရုန်း၍ ပြောလာသည်။

"ကောင်းပြီလေ...နင်တို့တွေမှန်မှန်ပြောစမ်း!!ဘယ်သူယူတာလဲ...အေး ဝန်မခံရင် အကုန်လုံးကို တစ်ခါတည်း အလုပ်ဖြုတ်ပစ်မယ်..."

My Boyfriend is a traffic policeWhere stories live. Discover now