part(5)

41.4K 4.6K 38
                                    

".....တီ...."

🔔"It's been so long ...That I haven't seen your face ... I tryna be strong... But the strength I have..."🔔

ဓာတ်လှေကားပွင့်သွားသော အသံ အပြီး right now slow version လေးသည် သြရမောင်၏အိတ်ကပ်တနေရာရှိ ဖုန်းလေးဆီက တုန်ခါပြီးမြည်လာသည်။ဓာတ်လှေကားထဲတွင် ဘယ်သူမှရှိမနေ..သြရမောင်သည် အထဲသို့ ဝင်ပြီးမှ ဖုန်းကိုတချက်ကြည့်၍ကိုင်ပြီး ချက်ချင်းထူးလိုက်သည်။

"ဟယျလို ဒေါ်လေး..."

"..."

"မစားရသေးဘူးဒေါ်လေးရဲ့။ အခုမှ ဂျူတီပြီးလို့ဓာတ်လှေကားစီးနေတာ။ ဒေါ်လေးကောနေကောင်းလား။"

"..."

"အင်း ဟုတ်ပါပြီ။ကိုကို့အခြေအနေကော..."

"..."

"ပိတ်ရက်ကရြင် အိမ်ပြန်လာခဲ့မယ်နော်ဒေါ်လေး။ဒါပဲနော် အခန်းသော့ဖွင့်ရမှာမို့.."

သြရ စကားကိုဖြတ်လိုက်ပြီး ဖုန်းကို အမြန်ချလိုက်ရသည်။သူ့ကိုဖုန်းဆက်မည့်လူဆိုလို့ပြေးကြည့်စရာမလို တွေးကြည့်ရုံပင် သိနိုင်သည်။ဒေါ်လေးပဲရှိသည်။ဖေဖေက တော့ ဘယ်တော့မှဆက်မည်မဟုတ်။
သြရမှာ အမေမရှိတော့ပါ။ သူငါးနှစ်သားတည်းကဆုံးသွားခြင်းပင်ဖြစ်သည်။အမေဆုံးသွားတော့ အဖေက နောက်အိမ်ထောင်ထပျမပြုပါ။အရွယ်ကောင်းကြီး ရှိနေတဲ့ ဖေဖေ့ကို အိမ်ထောင်ထပ်ပြုစေချင်ပမေဲ့ မေမေ့ကိုအသည်းနှစ်အောင်ချစ်လှသည့်ဖေဖေသည် အလုပ်ကိုသာ ဇွဲရှိရှိကြိုးစားခဲ့သည်။အရင်က သိပ်မအောင်မြင်သေးသော ဆောက်လုပ်ရေး company သည် အခုတော့ ဘယ်မှာ ဘာဆောက်နေတာလဲလို့သွားကြည့်လိုက်ရင် ဖေဖေ့ ကုမ္ပဏီနာမည်က ပြူးကနဲပင်။

မေ့မေ့ကို သာစွဲနေသောဖေဖေသည် အလုပ်ကိုစိတ်ထဲနှစ်ပြီး မေ့ပျောက်အောင်လုပ်ခဲ့တာမို့ သူတို့ညီအကိုနှစ်ယောက်ကို အိမ်ထိန်းတွေနဲ့သာထားခဲ့သည်။အဖေရောအမေပါစောင့်ရှောက် မည့်သူမရှိတဲ့အချိန် တွင် သြရသ ဆိုသည့် သူ့ရဲ့အဈကိုသည်သာ သူ့ရဲ့တစ်ခုတည်းသောအားကိုးရာဖြစ်ခဲ့သည်။စင်ကာပူသို့ရောက်နေသော ဖေဖေ့ညီမ ဒေါ်လေးသည် ဖုန်းနှင့်သာအဆက်အသွယ်လုပ်ခဲ့သည်မို့ နီးရာလူဖြစ်သည့် ကိုကိုသည်သာ သြရမောင်၏ ဆိုးနွဲ့ ရာ အားကိုးစရာ၊ တိုင်ပင်စရာလူတစ်ယောက်ဖြစ်ခဲ့သည်။

My Boyfriend is a traffic policeWhere stories live. Discover now