Thadingyut Special-1🎆🎆🎉

21.8K 2.2K 219
                                    

အချိန်တွေတရိပ်ရိပ်ကုန်ဆုံးလာသည်။
တစ်နှစ်ပင်ပြည့်သွားလေပြီ။

ဩရမောင်နဲ့ပိုင်ဇေ တို့ရဲ့ဘဝထဲကို လူတစ်ယောက်ဝင်ရောက်လာတာက တစ်နှစ်တောင်ကျော်သွားလေပြီ။
တစ်နှစ်အတွင်းမှာ ဩရနဲ့ပိုင်ဇေသည် လည်း အခြေအနေအမျိုးမျိုးကိုကြုံနေရပြီ၊ အထူးသဖြင့် များပြားလာတဲ့အလုပ်တွေပေါ့။

နဂို အပျော်အဖြစ် ဝါသနာအရဖွင့်ထားတဲ့ပီဇာ ဆိုင်လေးက အရောင်းသွက်လွန်းတာကြောင့်
ဝန်ထမ်းများတိုးလိုက်ရသည်။ဆိုင်ခွဲတွေတော့မဖွင့်ဖြစ်ပါ။အဘယ်ကြောင့်ဆိုသော် ဒီဆိုင်လေးက စီးပွားရေးအရ မဟုတ်တာကြောင့် ရောင်းအားထက် serviceနဲ့ အရသာကောင်းမွန်မှုကိုဦးစားပေးထားတာကြောင့်ပင်။

ဩရမောင်ကတော့ ပီဇာဆိုင်ထက် အရင်တည်းက ရှိသည်​့ Hotel ပိုင်းကိုပိုပြီးအာရုံစိုက်လာရသည်။ အဘယ်ကြောင့်ဆိုသော် ဒီနှစ်အတွင်းမှာ ခရီးသွားတဲ့သူတွေအလွန်တရာများလာတာကြောင့်ပင်။

ပီဇာဆိုင်ကိုတော့ ပိုင်ဇေက ကလေးတစ်ဖက်နှင့် ဦးစီးသည်။ ဩရသကတော့ သူတို့အဖေရဲ့လုပ်ငန်းကိုလက်ဆင့်ကမ်းခွဲထွက်သည်။ညီအကိုနှစ်ယောက်က အခြေအနေအရပ်ရပ်မှာ အဆင်ပြေနေတာကြောင့် တစ်ယောက်အလုပ်ကိုတစ်ယောက်စွက်ဖက်တာမျိုးမရှိပါ။

ဤသို့ဖြင့် ဩရမောင်သည်လည်း အလုပ်တွေပိသလို ပိုင်ဇေကလည်း လုပ်ငန်းဝန်အပြင် ကလေးဝန်ပါပိုလာတာကြောင့် သူတို့နှစ်ယောက်ရဲ့ ကြည်နူးချိန်လေးတွေက လျော့လျော့လာသည်။

ဩရသည် ယနေ့တော့ ပိုင်ဇေနဲ့အချိန်ဖြုန်းမည်ဟုတွေးထားတာကြောင့် အလုပ်ကို ဖိလုပ်ကာ
ညနေစောစောအိပ်ပြန်လာလေသည်။
မနက်ကတည်းကအတွင်းရေးမှူးစုမြတ်ကို မှာထားသော
နှင်းဆီပန်းအနီများနှင့်ဝိုင်ပုလင်းကိုပါ အပါသယ်လာသည်။

အသေးလေး အိပ်သွားပြီဆိုတာနဲ့ ပိုင်ဇေနဲ့တူတူ bathtubထဲမှာ နှင်းဆီပွင့်တွေနဲ့ ရေစိမ်မယ်။ပြီးရင်ဝိုင်လေးသောက်မယ်...
တွေးကြည့်လိုက်ရုံနဲ့ကြည်နူးစရာ ကောင်းနေတာကြောင့် ဩရရဲ့မျက်နှာက သူသယ်လာတဲ့နှင်းဆီပန်းတွေလိုပွင့်လန်းနေသည်။

My Boyfriend is a traffic policeWhere stories live. Discover now