part(21)

30.6K 3.9K 185
                                    

အိမ်မကြီးထဲသို့ကားအဖြူ လေးကဝင်လာသည်။အလုပ်သမားတွေသာရှိပြီး အိမ်ရှင်ဆိုလို့ ဒေါ်မျိုးမျိုးခင်တယောက်သာ အိမ်မှာရှိနေခြင်းပင်။

သူမက စိန်ပွဲစားလိုလို ကျောက်ပွဲစားလိုလို လုပ်သည်။စကားပြောကောင်းသည့်သူမက ဖြတ်ထိုး ညဏ်လည်း ရှိသည်။တစ်ခုခုကို ရေရှည်စီမံကိန်းဆွဲပြီးမှ တခါတည်း အချီကြီးရအောင်လုပ်တတ်သည်။သူမ စိန်ကျောက် ပွဲစားတခါလုပ်ပြီးလျှင် နောက်ထပ်မလုပ်ပဲ တလလောက် အေးဆေးနေတတ်သည်။ညဏ်ကောင်းတာတစ်ခုပဲ မဟုတ် ချောမောပြေပြစ်သော သူမက ယခုခေတ်စကားနဲ့ဆိုရလျှင် နန်းဆန်သည်ဟုပြောလို့ရသည်။သပ်သပ်ရပ်ရပ် နှင့်အမြဲကျော့ကော့နေအောင်ပြင်ဆင်ပြီး နေတတ်သူမို့ ကျက်သရေရှိသည့် ပုံစံထဲတွင်ပါသည်။သို့သော် လိုချင်တာကို ရအောင်ယူတတ်သည့်သူမို့ သူမသူငယ်ချင်းရဲ့ယောင်္ကျားကို ရအောင်ယူနိုင်ခဲ့သည်။ကလေးအမေဆို ပင်မဲ့မပျက်စီးသေးတဲ့သူမက ယောင်္ကျားအိုတွေအတွက်တော့ ရင်ဖိုစရာဖြစ်ခဲ့သည်။ယောင်္ကျားသေသွားပြီး မုဆိုးမလှလှလေးဖြစ်နေချိန်တွင် ပိုင်ဇေ၏မိခင် ပိုငျနန်း ထံမျက်ရည်ခံထိုး ခဲ့ပြီးအကူညီတောင်းခဲ့သည်။

ပြီးနောက် မျက်ရည်ခံထိုးရုံအားမရလို့ နောက်ကျောကိုပါဓားနဲ့ထိုးခဲ့လေသည်။သူငယ်ချင်းရဲ့ယောင်္ကျားကို မြူစွယ်ပြီး မိမိရဲ့ ထဘီအောက်ထိုးသွင်းခဲ့သည်။ ပိုငျနန်း နေမကောင်း သည်ကို အခွင့်ကောင်းယူပြီး ကာမဂုဏ်ဖြင့် ဇေယျနိုင်ဆိုတဲ့ သူတပါး ကာမပိုင်ယောင်္ကျားကို သူ့ဘက်ပါအောင်လုပ်ခဲ့သည်။ ပိုငျနန်းသည် ပိုင်ဇေ့ကို မိကွဲဖကွဲ ၏သားသမီးအဖြစ်မကြီးပျင်းစေချင်တာကြောင့် ဇေယျနိုင်ကို လုံးဝ ကွာရှင်းမပေးခဲ့ပဲ ဖြစ်သမျှကို သားဖြစ်သူရှေ့တွင် ဟန်လုပ်ကာ ပြုံးပြီး ကြိတ်ခံစားခဲ့ရသည်။ပေါ်တင် ဖောက်ပြန်ခဲ့သော သူငယ်ချင်းနဲ့လင်ယောင်္ကျား၊ကြားထဲတွင် အစာအိမ် ကင်ဆာကို ပါတပြိုင်နက်ခံစားခဲ့ရပြီး နောက်ဆုံးတော့ လောကဒံကို အရှုံးပေးကာတစ်ဦးတည်းသောသားကို ထားပြီး ထွက်သွားခဲ့ရသည်။ ပေါ်တင် ဖောက်ပြန်ခဲ့သော မျိုးမျိုးခင်သည် ဆုံးပြီဆိုသည့် သတင်းကြားတာနဲ့ သားကိုလက်ဆွဲ၍အိမ်ပေါ်တက်လာခဲ့သည်။လွန်ကျူး ခဲ့ပြီဖြစ်သောကြောင့် ဇေယျနိုင်သည်လည်း လက်ခံခဲ့သည်။အချုပ်အားဖြင့်ဆိုရသော် ဒေါ်မျိုးမျိုးခင်သည် သွေးအေးအေး နဲ့ သတ်ဖြတ်တတ်တဲ့လူစားမျိုးပင်။

My Boyfriend is a traffic policeWhere stories live. Discover now