ကျောင်းဝန်းထဲကို အမြဲပြိုင်ကားပြာစီးပြီးဝင်လာတတ်တဲ့သူက ဒီနေ့မှာတော့ BMW ကားအမည်းလေး ရဲ့ မောင်းတဲ့သူနေရာကမဟုတ်ဘဲ ထိုင်တဲ့သူဘက်ကနေ လိုက်ပါလာသည်။
အဲ့သည့်လူကတော့ပိုင်ဇေမင်းထက်ဖြစ်ပြီး သူ့ဘေးက ကားမောင်းတဲ့သူက သြရမောင်ဖြစ်သည်။
ပိုင်ဇေသည်လက်ထဲတွင် ပိုက်ဆံ မကျန်သည့်အတွက် ခြစ်ရာထင်နေတဲ့ပြိုင်ကားကို ကွန်ဒိုအောက်တွင်သာရပ်ခဲ့ရပြီး ကျောင်း ပြန်တက်သည့်မနက်ခင်းမှာ
သြရမောင် ကိုယ်တိုင်က လိုက် ပို့ ရခြင်းပင်။ ဟိုးထား...ဒါကတကူးတကလိုက်ပို့ခြင်းမဟုတ်ဘူး... YBS စီးရန် ကြိုးစားနေသော ပိုင်ဇေ့ကို သြရမောင်က ကျောင်းနှင့် သူတာဝန်ကျသည့်နေရာက တလမ်းထဲဖြစ်တာကြောင့် စေတနာရှင် ကြီးက တင်ခေါ်လာခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ် ထိုကားပေါ်က ဆင်းလိုက်သည်နှင့် ပိုင်ဇေကတော့ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ကားမောင်သူ သြရမောင်သည် အဖြူ နှင့်အပြာကို သန့်နေအောင်ဝတ်ထားကာ ယောင်္ကျားပီသတာကတကြောင်း မော်တော်ပီကယ်က ကျောင်းသားတစ်ယောက်ကို လိုက်ပို့သည် ဆိုတော့ ပိုင်ဇေ့ကားကသိမ်းခံလိုက်ရလို့လား...စသဖြင့်စဖြင့်...
ပိုင်ဇေသည်ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်သော်လည်း မိမိသည်အမြဲမောင်းသူနေရာကထိုင်ခဲ့ပြီး ဘေးတွင် ထိုင်သူများမှာကောင်မလေးများသာဖြစ်တာကြောင့် ဒါကနည်းနည်းတော့ တမျိုးဆန်နေသည်။အမြဲ တီရှပ် နဲ့ ကွားတားဘောင်းဘီ အောက်ရှူးဘောင်းဘီကို ဝတ်ဆင်တတ်သော ပိုင်ဇေသည် ယနေ့ အဖြူ ရောင်ရှပ်ပွပွကို စပိုင်ပန် အနက်ပွပွထဲထည့်ဝတ်ထားကာ အောက်ခြေတွင်ခေါက်ထားပြီး ခါးပတ်တောင်ပတ်ထား သေးသည်။အညိုရောင်ဆံပင်လေးတွေနဲ့ ရှောင်ကောကော နှင့်တူနေတုန်းပဲ..ဒီအဝတ်အစားနောက်ကွယ်ကအမှန်တရားကတော့ ကျောင်းသွားရန်ပင် အဝတ်မရှိသည့်ပိုင်ဇေသည် သြရမောင်စီက မျက်နှာပြောင်တိုက် ငှားလာခြင်းပေ။ သြရမောင်သည် သူ့ထက်လူကောင်ကြီးသည် ဒါကြောင့် အင်္ကျီမှာ fit မဖြစ်ပဲ ပွပွကြီးဖြစ်နေတာမို့ ဘောင်းဘီထဲထည့်ဝတ်တာတောင် တတောင်လောက် ဖင်ဖုံးနေသေးသည်။ ဘောင်းဘီမှာ ရှည်ပြီး ခါးက ကြီးကာ ဆွဲမတင်ထားလျှင်ကျွတ်ကျနေမှာမို့ ခါးပတ်ပတ်ပြီး အခြေနားတွင် သုံးဆင့်လောက်ခေါက်ထားရသည်။ နောက်ဆုံးတွဲဝတ်လိုက်တော့လဲ သူ့နဲ့လိုက်ဖက်နေပြန်သည်။မှန်ကြည့်ပြီး ကိုယ့်ကို ဂုဏ်ယူလိုက်ရသေးသည်။ ဘာပဲဝတ်ဝတ် ချောနေလို့...

YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...