part(47)

32.2K 3.5K 287
                                    

သြရမောင်နှင့်ရှိုင်းသူသည် ဘေးချင်းယှဉ်ထိုင်နေပြီးသူတို့ရဲ့အကြည့်တွေကတော့ တနေရာထဲမှာ...
ထိုနေရာကတော့ ဆိုင်ရဲ့အပြင် ထောင့်စွန်းတွင်စကားရပ်ပြောနေကြတဲ့ ပိုင်ဇေမင်းထက်နဲ့ မင်းသခင် တို့ရှိရာ...
ရှိုင်းသူက မျက်မှောင်ကြုတ်ကာတွေးနေသည်။ဘာတွေပြောနေလို့ သီးသန့်နေရာကိုသွားပြောနေရတာလဲ.
သြရမောင်ရဲ့မျက်နှာကလည်းမကြည်မလင် ဖြစ်နေကာ ပိုင်ဇေနှုတ်ခမ်းလှုပ်တာက အစ အသေးစိတ်လိုက်ကြည့်နေသည်။
မင်းသခင်ရဲ့အကြည့်တဖြတ်က ထိုင်နေတဲ့နှစ်ယောက်စီကိုရောက်လာတာမို့ သြရကော ရှိုင်းသူက ဝေ့လည်ကြောင်ပတ်ဟိုကြည့်သည်ကြည့်လုပ်ပြီး လင်တော်မောင်တွေကို ခိုးခိုးကြည့်နေရသည်။

ဂဃာမငြိမ်ဖြစ်နေသူသြရသည် အရင်က စိတ်ရှည်မှုများကပျောက်ဆုံးနေသည်။ဘာတွေပြောနေလို့ပြုံးနေကြတာလဲ...သြရကနေမထိုင်မသာ ရှူးရှူးရှဲရှဲပင်ဖြစ်လာသည်။
ရှိုင်းသူသည်လည်း ထိုနည်း လည်းကောင်း..
"အဲ့တာကျွန်တော်မှာထားတာ.. ဒါလေးတောင် ကိုယ့်ကို ဝယ်မသောက်နိုင်ဘူးလား"

ခပ်စွာစွာရှိုင်းသူက သူ့ခွက်ကို မှားသောက်သော သြရကို အချိန်ကောင်းတုန်းဝင်ခွပ်လိုက်သည်။ဒင်းတို့ကြောင့် သခင်စိတ်ဆင်းရဲရတာ...

သြရလည်း အရက်ဖြတ်ထားသူဖြစ်ပင်မယ့် မှားသောက်မိတာတောင် ဘယ်လိုမှမနေသည့်အပြင် အပြောခံလိုက်ရ၍ စိတ်က နည်းနည်း ဆတ်သွားသည်။
"Sry ပြန်မှာပေးမယ်"

ထိုသို့ခပ်မာမာပြောပြီး အရက် နှစ်ပုလင်းမှာ ပြီး တပုလင်းကို ရှိုင်းသူဘက် ချပေးလိုက်သည်။သြရ သူများအပေါ် မယဉ်မကျေးဆက်ဆံတာမျိုးသည် မရှိသလောက်ကို ရှားခဲ့ပြီး ၅နှစ်အတွင်းပါးစပ်ထဲ အရက်ပြန်ဝင်တာကလည်း ဒါပထမဆုံးအကြိမ်..အရက်ဝင်လျှင်သွေးဆိုးတတ်တာသိပင်မယ့် စိတ်သည် အစွန်းဆုံး မကြည်မလင်ဖြစ်နေတာကြောင့် ပုလင်းလိုက်ပင်မော့လိုက်တော့သည်။

"ကျွန်တော် တောင်းပန်ပါတယ်!လက်လွတ်စပယ်လုပ်လိုက်မိတယ်!ကိုမင်းသခင် ပြသာနာတက်သွားသေးလား!"

ပိုင်ဇေက မျက်နှာညိုးပြီး သူ့ကို တရိုတသေ တောင်းပန်နေတော့ မင်းသခင် ဝမ်းနည်း ဝမ်းသာခံစားလိုက်ရသည်။
"အကို အဆင်ပြေပါတယ်..အဖေက နည်းနည်း ဒေါသထွက်သွားလို့ပါ.အဲ့တာလည်းကောင်းပါတယ်.. ကုမ္ပဏီကနေနားလိုက်ရတော့ စိတ်အပန်းဖြေဖို့အခ်ျန်ထွက်လာတာပေါ့!"

My Boyfriend is a traffic policeWhere stories live. Discover now