Extra(1)

34.6K 3.2K 439
                                    

မင်္ဂလာလက်ဖွဲ့..

ပိုင်ဇေ သည် မိမွန်ပေးတဲ့လက်ဖွဲ့ကိုယူပြီး ဖွင့်မကြည့်ရဲသေး။မျက်လုံးကို လှန်ကြည့်ပြီး အကြည့်ဖြင့် အကဲခတ်လိုက်သည်။မတော်တရော် အရင်တခါကလိုဖြစ်နေမှ။

"ဖွင့်လေ ဘာလုပ်နေတာလဲ?"

မိမွန်က စိတ်မရှည်ဟန်ပြောတော့ သူခွန်းသကို အကူအညီတောင်းသလိုကြည့်လိုက်မိသည်။ခွန်းသကပြုံးပြီးသာခေါင်းငုံ့နေတာမို့ ဖွင့်ရမှာ သူကြောက်နေသည်။

"ဖွင့်ကြည့်လေပိုင်ဇေ.."

သြရကလှမ်းပြောတော့ ပိုင်ဇေ ဘုရားစာကို စိတ်ထဲကနေ အကြိမ်ကြိမ်ရွတ်လိုက်သည်။ပြီးမှ လက်တစ်တောင် ခန့်ရှိသည့် လေးထောင့်ဘူးကို ဖွင့်ကြည့်လိုက်တော့မှ သက်ပြင်းကိုရဲရဲချမိပြီး ကျေနပ်သည့်အပြုံးပြုံးလိုက်မိသည်။
သူချက်ချင်းပင် သြရကို ငုံ့ပြီး ပြလိုက်သည်။ဝှီးချဲပေါ်တွင်ထိုင်နေတဲ့သြရပါ သွားပေါ်သည်အထိ ပြုံးသွားလေသည်။လက်ဆောင်မှာ ကျောက်စီပန်းချီကားလေးဖြစ်သည်။ပြီးတော့ ပုံလေးက သြရနဲ့ပိုင်ဇေ ပထမဆုံးတူတူ ရိုက်ဖူးသည့်ပုံလေးပင်။
Hot pot ဆိုင်တွင် အုပ်စုလိုက်ပုံရိုက်တုန်းက သူကိုယ်ကပုံထဲတွင် သြရ ရင်ခွင်ထဲမှီနေသလို ရှုထောင့်မျိုးကဖြစ်သည်။အဲ့တာကို မိမွန်က သူနဲ့သြရအပိုင်းကို သပ်သပ် ဖြတ်ညှပ်ပြီး ပန်းချီကားလုပ်လာပေးခြင်းပင်..

"ငါအရမ်းသဘောကျတယ်..ကျေးဇူးပါဟာ"

မိမွန်က လက်လေးပိုက်ကာ
"ငါကအခြေအနေနဲ့အချိန်အခါကို ခွဲခြားသိပါတယ်ဟ..ဒါငါနဲ့ခွန်းသ ပေါင်းပြီးပေးတဲ့ လက်ဖွဲ့.."

ပိုင်ဇေ နှာခေါင်းရှုံ့ လိုက်ကာ
"အမလေး မွဲနေလိုက်ကြတာ နှစ်ယောက်ပေါင်း တစ်ခုတဲ့ တယောက်တစ်ခုပေးတော့မွဲသေမှာမို့လား?"

ပိုင်ဇေက တမင်စနေမှန်းသိလို့ သြရဝင်မပြောတော့ပဲ ရီသာရီနေလိုက်သည်။

"မမွဲဘူး ရှိတယ်.. တမင်မပေးချင်လို့ကို မပေးတာ စောက်မြင်ကပ်လို့ဟေ..ကြားလား.."

ရီသံလွင်လွင်လေးတွေက အတောမသတ်နိုင်...

^°°°^
"ဒီလက်မှတ်က ဘာလုပ်ရမှာ??"

My Boyfriend is a traffic policeWhere stories live. Discover now