ပြင်ဦးလွင်တွင် ပိုင်ဇေတို့ရက်နှစ်ဆယ်လောက်အချိန်ဖြုန်းခဲ့သည်။အထင်ကရနေရာများကို ထပ်တလဲလဲ သွားသည့်အပြင်ကို ကိုသြရဒေါ်လေး ရဲ့ ကော်ဖီခြံကိုလည်း ညနေတိုင်းလိုလို ရောက်သည်။
အခုဆိုရင်ပိုင်ဇေက သြရအပြင် ဦးသက်ကိုနှင့်ဒေါ်မီမီကိုတို့ရဲ့သဲသဲလှုပ်ခြင်းကိုပင်ခံနေရပြီ။
ဘယ်နေရာရောက်ရောက်ပိုင်ဇေသည် အချစ်ခံလူတန်းစား..ကိုသြရအကို ရဲ့ဆေးရုံကိုလည်းခဏခဏ သွားရသောကြောက့် ထို အဆောင်ရှိ nurse လေးတွေနဲ့ပင်ခင်မင်နေပြီဖြစ်သည်။စိတ်မကောင်းစရာတစ်ခုက ကိုသြရအကိုက အခြေအနေကောင်းတယ်ဆိုရုံမှအပ ပြန်လည်နိုးထလာခြင်းမရှိသေး...
ပြင်ဦးလွင်မှာနေတဲ့အတောအတွင်း ပိုင်ဇေသည် သူ့ရဲ့မိခင်အကြောင်းတွေအပြင် သူ့မိခင်နေခဲ့တဲ့အရင်မိဘမဲ့ကျောင်းကိုပါရောက်ခဲ့သည်။
အမေ့အတွက် ဆွမ်းကပ်တာတောင် လုပ်ခဲ့သည်။ကားနောက်ခန်းထဲကိုသြရက အထုပ်အပိုးတွေထည့်နေပြီး ပိုင်ဇေကတော့အိမ်ရှင်တွေကို နှုတ်ဆက်နေသည်။ရက်၂၀ကကုန်လွန်သွားပြီဖြစ်ရာ သြရကလည်း အလုပ်ပြန်ဝင်ရမည်ဖြစ်သလို ပိုင်ဇေလည်း အောင်စာရင်းထွက်ပြီးပြီမို့ ကျောင်းအပ်ပြီး ကျောင်းပြန်တက်ရတော့မည်ဖြစ်သည်။ စာမေးပွဲက roll ထိပ်မရပင်မယ့် အောင်ပါတယ်..မိမွန်ကတော့ roll ထိပ်မှာပင်..သိတဲ့အတိုင်း..
"နေကောင်းအောင်နေနော်!ကျွန်တော် ရန်ကုန်ကနေမုန့်တွေထည့်ပေးလိုက်မယ်.."
"မလိုပါဘူး!ကျောင်းပိတ်တာနဲ့ ဒီကို တန်းလာခဲ့!လိုတာရှိရင်ဖုန်းဆက်လိုက်သိလား!သြရ..ကလေးကိုဂရုစိုက်နော်!တိုင်သံမကြားရစေနဲ့.."
ဒေါ်မီမီကိုက သြရဘက်ကို လှည့်ပြောတော့သြရက သိပါတယ်ဆိုတဲ့ပုံစံနဲ့ မဲ့ပြသည်။
"ပိုင်ဇေ ကိုယ်တို့သွားရအောင်.."
"သား.. ဟိုရောက်တာနဲ့ ပိုင်ဇေ့အိမ်ကိုဝင်ပြီး သူ့အဖေနဲ့အရင်ဝင်တွေ့နော်! သူများသားသမီးကို ခေါ်လာပြီးမှတော့ အနည်းဆုံးပြန်ရောက်ကြောင်းအသိပေး!တိုက်ခန်းမှာနေရတာအဆင်မပြေရင် ခြံစုံစမ်းပေးရအုန်းမလား?"
"ရပါတယ်..ကျွန်တော်တို့တိုက်ခန်းမှာ အဆင်ပြေပါတယ်!"
"အေးပါ..သွားကြသွားကြ!ကားကို ဂရုစိုက်မောင်း!မကြာမကြာလာခဲ့!"
YOU ARE READING
My Boyfriend is a traffic police
Любовные романыမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...