part(40)

28.4K 3.8K 195
                                    

အချိန်မဟုတ်အခါမဟုတ်ရွာသောမိုးသည် စိတ်ပုတ်စွာနဲ့ ဒီညမှာပိုပြီးသည်းနေသည်။
ခြေဗလာနှင့် မိုးမိလို့ကြွက်စုတ်ဖြစ်နေသော ပိုင်ဇေ့သည် luggageအိတ်ကြီးကို ဆွဲကာ Main လမ်းတစ်လျှောက် taxi ငှားနေမိသည်။မိုးကသည်း ညကနက်နေပြီမို့ တော်တော်များများက ကားမတင်ကြ။ ပိုင်ဇေပုံစံကြောင့်လည်းပါမည်ထင်...

၂၀ မိနစ်လောက်လမ်း လျှောက်ပြီးနောက်တွင် ပိုင်ဇေကားတားလို့ရသွားသည်။ သ်ု့သော် သူ့မှာ တပြားမှပါမလာ...ဘဝတွင်ပထမဆုံးအကြိမ် ပိုက်ဆံမပါလို့ တောင်းပန်တိုးရှို ပြီး ကားတောင်းစီးရခြင်းပင်။
"ဦးလေး ကျွန်တော် ပိုက်ဆံတော့မပါဘူး... ဒီ luggage အိတ်ကိုကားခအဖြစ်ယူလို့ရလား"

ကားမောင်းသူ ဦးလေးကြီးကို ထိုသို့ပြောလိုက်သည်။မိုးစိုထားတဲ့ဒဏ်ကြောင့်လူက လည်း ခိုက်ခိုက်တုန်နေပြီဖြစ်သည်။

"ရတယ် လာလာ! ငါတူကြီး! မြန်မြန်ဝင်.."

လောကကြီးမှာ လူတိုင်းကဆိုးသွမ်းနေသည်တော့မဟုတ်..ကောင်းတဲ့လူတွေလည်း ရှိသေးတာပဲ..
ကောင်းခြင်းတွေထက် ဆိုးခြင်းတွေကို ပိုအလေးပေးကြည့်မိလို့သာရယ်...
ပိုင်ဇေကားထဲ ဝင်ထိုင်လိုက်သည်နှင့် အခင်းဆိုဖာက စိုသွားသည်။
"အားနာလိုက်တာ! ဆိုဖာတွေဆိုကုန်ပြီ"

"ရတယ်ငါ့တူကြီး..အပြင်မှာ မိုးရွာနေတာကိုး..ဘယ်သွားမလိုလည်းဒီအချိန်ကြီးမှ.."

"သင်္ကန်းကျွန်း ×××တိုက်ခန်းကိုပါ..ချစ်သူနဲ့သွားတွေ့မလို့.."

"အော်အေးအေး... ညကြီးမှ အဆင်ပြေရဲ့လား!"

"ရတယ်ဦးလေး.."

အပြန်အလှန်စကားပြောပြီးနောက်ပိုင်ဇေကားမှန်ကနေတဆင့်အပြင်ကို ကြည့်လိုက်သည်။ ဘယ်အငြိုးနဲ့များရွာသလဲမိုးရယ်... စိတ်ဆိုးရမှာလား ကျေးဇူးတင်ရမှာလား... မိုးရည်နဲ့ပါသွားတဲ့မျက်ရည်တွေအတွက်တော့ ကျေးဇူးတင်ရမှာပေါ့...

တိုက်ခန်းတွေအောက်ရောက်တော့ ပိုင်ဇေ luggage အိတ်ကို ကားထဲ ထားခဲ့လိုက်သည်။
"ဦးလေး အဲ့ luggage အိတ်ယူသွားပါ...ပြန်ရောင်းရင် ပိုက်ဆံအနည်းအများရလိမ့်မယ်..အထဲမှာဘာမှမပါပါဘူး အလွတ်ပါ!"

My Boyfriend is a traffic policeWhere stories live. Discover now