book Extra

19.8K 2K 128
                                    

နှစ်တွေလတွေကုန်ဆုံးသွားပင်မယ့် ပုံမှန်လူသားတွေမို့ ပုံမှန်ဘဝလေးကို ပုံမှန်ဖြတ်သန်းနေကြဆဲပင်။ပိုင်ဇေနဲ့ဩရမောင်၊ နိုးနိုးနဲ့ဩရသတို့က ပြင်ဦးလွင်တွင်အခြေချဖြစ်ပြီး။

ရှိုင်းသူနဲ့မင်းသခင်၊ မိမွန်နဲ့ခွန်းသတို့ကတော့ရန်ကုန်မှာပဲအခြေချကြသည်။နေရာချင်းမတူကြတာမို့အဆက်အသွယ်က ပြတ်တောင်းပြတ်တောင်း...အဘယ်ကြောင့်ဆိုတော့ လက်တွေ့ဘဝကို ခုန်ကူးကြတဲ့အချိန်မှာ အရင်တုန်းက ကျောင်းသားဘဝကလို အားလပ်ချိန်တွေနည်းလာသည်။ နှစ်အိမ်တစ်အိမ်ဖြစ်ဖို့ ...
မိသားစုဆိုတဲ့နွေးထွေးတဲ့အသိုက်အမြုံတစ်ခုကိုရဖို့အတွက် ကြိုးစားနေရတာကြောင့်ပင်။

နေ့တိုင်း အဆက်အသွယ် မလုပ်ကြပင်မယ့် ဘယ်ချိန်ဘယ်နေရာပဲဖြစ်ဖြစ် သူတို့ရဲ့
Conversation လေးတွေကသက်တောင့်သက်သာပင်။

သီတင်းကျွတ်လမတိုင်ခင် တစ်ရက်တွင် ပိုင်ဇေနှင့်ဩရတို့ ပြင်ဦးလွင်ကနေရန်ကုန်ကိုတက်လာသည်။

အရင်ဆုံး ပိုင်ဇေ့ Daddy အိမ်ကိုဝင်သည်။
Daddy က အသက် ၆၀နားကပ်နေပြီမို့ ဩရအား သူ့လုပ်ငန်း နှင့်ပတ်သတ်ပြီး ခေါ်ယူတိုင်ပင်
ခြင်းပင်။ပိုင်ဇေကတော့ Daddy လုပ်ငန်းကို လုံးလုံး စိတ်မဝင်စားတာကြောင့် မိမွန် ရဲ့အလှကုန်ဆိုင်လေးကို တစ်ယောက်တည်း ထွက်လာသည်။
အမှန်တော့ သူတို့ ရန်ကုန်လာဖြစ်တဲ့အကြောင်းကို မိမွန်တို့ကို မပြောပြရသေးပါ။
Surprise တိုက်လိုက်မယ်လေ....

ပလာဇာ အပေါ်ထပ်က ဆိုင်ခန်းလေးရှေ့ရောက်တော့ချက်ချင်းမဝင်ပဲ အပြင်ကနေ လှမ်းကြည့်လိုက်သည်။ကောင်တာတွင် ထိုင်ကာ မိမွန်ကစာရင်းလုပ်နေတာလား ဘာလား ပိုင်ဇေသေချာမသိပါ။ ဆံပင်ကကျောလယ်လောက်ရှည်လာပြီး ပြင်ဆင်ခြယ်မှုန်းမှုက ပိုပြီးသပ်ရပ်လာသည်။အဲ...လူကြီး လည်း နည်းနည်း ဆန်လာသလိုပဲ...

မိမွန်သည် မျက်နှာအမော့တွင်သူ့အား တွေ့သွားပုံရသည်။နှုတ်ခမ်းလေးဟသွားကာ နေရာကနေ ထရပ်လာသည်။
"ပိုင်ဇေ!! မျောက်ဂျပိုးကောင်!!"

မကျယ်တကျယ်အော်သံကြောင့် ပိုင်ဇေ ဆိုင်ခန်းတွင်းကို အမြန်ဝင်လိုက်ရသည်။

My Boyfriend is a traffic policeWhere stories live. Discover now