သြရမောင်သည် ရေသောက်နေရင်းနဲ့ အထဲက ပိုင်ဇေ၏အသံကိုကြားလိုက်တာကြောင့်ရေခွက်ကိုအလျင်အမြန်ချလိုက်ပြီး အိမ်ခန်းထဲကို အလန့်တကြား ဝင်ရန်ပြင်ဆင် ဝတ်လစ်စလစ်နဲ့ပြေးထွက်လာသော ပိုင်ဇေ ကြောင့် မျက်လုံးများပင်ပြာသွားကာ အနောက်သို့ ဆုတ်လိုက်မိသည်။သို့သော် ဘာတစ်ခွန်းမှမဟနိုင်ခင်မှာပဲ ပိုင်ဇေသည် အော်ဟစ်လျက် သူ့ပေါ်သို့ခုန်တက်လာလေသည်။
"ပိုးဟပ်..ပိုးဟပ်ကြီး ရေချိုးခန်းထဲမှာ ပိုးဟပ်ကြီး!!!"
ပိုင်ဇေက ဘယ်လောက်ပင် သူ့ထက်ခန္ဓာကိုယ်သေးသေး ခုန်တက်လိုက်သည့် အရှိန်ကြောင့် သြရမောင်မထိန်းနိုင်ပဲ ဖင်ထိုင်ကျသွားကာ ဖင်ညှောင့်ရိုးပင်အောင့်သွားသည်။သို့သော် သူအဲ့တာကို အာရုံမထားနိုင်ပဲ ရေစိုနေပြီး သူ့ပေါ် ခွလျက်ထိုင်ထားကာ မျက်လုံးကြီး စုံမှိတ်ပြီး သူ့ဆီတောက်တဲ့လို ကပ်နေသော ပိုင်ဇေ့ကြောင့် အသက်ရှူ ရပ်မတတ်ပင်။သြရမောင်သည် အဝတ်အစားမကပ်နေတဲ့ ကိုယ်လုံးကို မထိကိုင်ရဲသဖြင့် လက်ကို ၁၈၀° ကားထားရသည်။ပါးစပ်မှလည်း
"ပိုင်..ပိုင်ဇေ...ခဏ ခဏလေးထလိုက်အုန်း""မထဘူး...မထဘူး...ပိုးဟပ် ရှိပါတယ်ဆို!!အမေရေ..."
"မထလို့မရဘူးလေ...မင်းဘာမှမဝတ်ထားဘူး..."
ထိုစကားကို ကြားမှ သြရမောင်ကိုယ်ပေါ်က တဆတ်ဆတ်တုန်နေတဲ့ ကိုယ်လေးသည် ချက်ချင်းတောင့်သွားပြီး ပါးစပ်လည်းပိတ်သွားလေသည်။
ပိုင်ဇေသည် သူ့ကိုယ်ပေါ်ကမထသေးပဲ ရုတ်တရက်အော်လိုက်ပြန်သည်။
"အားးးးး... မျက်စိမှိတ်...မျက်စိမှိတ်ထား...""ok..ok... ငါမှိတ်ထားတယ်..."
သြရမောင်မျက်လုံးမှိတ်လိုက်မှ ပိုင်ဇေသည် အလူအလဲထကာ ဘေးတွင်ရှိသော ဆိုဖာနောက်အကွယ်တွင်သွားပုန်းလိုက်သည်။ချီးပဲ!!! အရှက်မရှိလိုက်တာ...ကိုယ်တုံးလုံးကြီးထွက်လာရလား!!ပိုင်ဇေသည် တိတ်တဆိတ် မျက်ရည်အတောင့်လိုက်ကျသွားသည်။မြင်ကုန်ပြီလား...ငါ့ရဲ့ နုနုထွတ်ထွတ်မိမွေးတိုင်းဖမွေးတိုင်းလေးတွေကို!! ကုန်ပါပြီ...ကုန်ပါပြီ!!
သြရမောင်သည် ပိုင်ဇေထသွားသည့်တိုင် ကားကားလေးထိုင်နေကာ မျက်လုံးများမှိတ်ထားလျက်ရှိနေသည်။ဒီကလေး လုပ်တာ သူနှလုံးရောဂါရတော့မယ်!
![](https://img.wattpad.com/cover/221029065-288-k69488.jpg)
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...