part(23)

30.8K 3.8K 162
                                    

မင်းသခင် ကားမောင်းနေရင်း ကားထဲက နာရီကို ကြည့်လိုက်တော့ ၉ နာရီရှိနေပြီဖြစ်သည်။အိမ်ပြန်ချင်စိတ်က လုံးလုံးလျားလျားရှိမနေပါ။
ညနေက သူ့အမေနဲ့ စကားပြောတဲ့အချိန်တွေကိုသတိရပြီး စိတ်က ပိုပြီး မကြည်မသာဖြစ်နေကာ တခုခုကို တနုံ့နုံ့ခံစားနေရသည်။
မယားပါ သားအဖြစ်နဲ့အိမ်ပေါ်တက်လာရပင်မယ့် ပိုင်ဇေ့အပေါ်ကို ယုတ်မာမို့မစဉ်းစားဖူးပင်မယ့် မိခင်ဖြစ်သူကိုတော့အာမ မခံနိုင်။စိတ်တွေလေးလံနေတာမို့
ဖုန်းကို ထုတ်ပြီး နံပါတ်တခုကို နှိပ်လိုက်သည်။
တီ...ဆိုတဲ့မြည်သံကို ခဏသာကြားလိုက်ရပြီး ခပ်ပြတ်ပြတ် ထူးသံကို ထပ်ကြားရသည်။

📞"Hello"

တဖက်က ခန့်ပိုင်ရဲ့အသံ ကိုကြားသည်နှင့် မင်းသခင်ပြန်ထူးလိုက်သည်။

"ခန်ပိုင်...ငါ မင်းသခင်..."

📞"အေးပြောလေ"

"မင်းငါ့ကို လူတယောက် အကြောင်းစုံစမ်းပေးပါလား...လက်ရှိဘာတွေလုပ်နေတာလဲ ဆိုတာကို"

📞"အိုခေ ရတယ်လေ...ဘယ်သူ့ကိုလဲ"

မင်းသခင်သက်ပြင်းချလိုက်ပြီးမှ
"ငါ့အမေ..."

📞"ဟမ်...မင်း ဟာက ဟုတ်ကော ဟုတ်ရဲ့လား"

တစ်ဖက်က ခန့်ပိုင်သည် နည်းနည်းအံ့သြသွားပုံရသည်။
"ငါပြောတဲ့အတိုင်းသာ လုပ်ပါ မင်း လိုချင်သလောက်ပေးမယ်...လုံးဝတော့ သတိရှိပါစေနော်...ငါ့အမေကို လျော့မတွက်နဲ့"

📞"ဟားဟား...အေးပါ..အချိန်ခဏတော့ပေး"

"Ok မင်းပြီးရင် ငါ့ကိုပြန်ဆက်သွယ်လိုက်"
ခန့်ပိုင်သည် အလွတ်တန်းစုံထောက်ဖြစ်သည်။ နိုင်ငံတော်က ရှေ့နေတွေစုံထောက်တွေကို ခိုင်းရတာထက် အပြင်ကလူကိုခိုင်းရတာ ပိုပြီး အဆင်ပြေမည်။
အမေပလည်းသူ့နောက်ကို လူတွေ ထည့်ထားကာ မျက်ခြေမပျက်ကြည့်ခိုင်းထားသလို အမေဘာတွေလုပ်နေလည်းဆိုတာကို သူသိမှရမည်။

တီ...

ဖုန်းချပြီးတာနဲ့ မင်းသခင် နောက်ထပ် နံပါတ်တစ်ခုကို ဆက်တိုက်နှိပ်လိုက်တော့ တဖက်ကလူက ချက်ချက်ကိုကိုင်လေသည်။
📞"hello သခင်.."

My Boyfriend is a traffic policeWhere stories live. Discover now