part(25)

31.2K 3.9K 344
                                    

သြရမောင်သည် သူ့တိုက်ခန်းမှာသူနေရပင်မယ့် ကိုယ့်ကုတင်ပေါ် ကိုယ်တက်မအိပ်ရဲ...ဘေးနားက လူးလိမ့်တတ်တဲ့ ကောင်လေးကြောင့် အလိုလိုနေရင်းကြောက်နေမိကာ ထို ကုတင်ကြီးအား ပိုင်ဇေ့ကိုသာအိပ်စေပြီးသူကတော့ dream bed တစ်ခုဝယ်ကာ ဘေးမှာသာခင်းအိပ်သည်။သြရသည် ပိုင်ဇေ့ကို နှင်လည်း မထုတ်ရက် လက်လည်း မခံရဲပေ။နှင်ထုတ်လျှင်လည်း ထွက်သွားမယ့်သူမဟုတ်။ကောင်ဆိုးလေးသည်ခေါင်းမာလှသည်။
သြရသည် တခါမှ ပိုင်ဇေ့ကို မိမိအားကြိုက်လာမယ်ဟုမတွေးဘူးပါ။ မျိုးတူယောင်္ကျားချင်းကိုလေ?အဲ့ဒါက အန္တရာယ်မများဘူးလား?? သြရသည် gay များကို မုန်းတီးနေသူလဲ မဟုတ်သလို ချစ်ခင်နေသူလည်းမဟုတ်။ လက်ခံလားဆိုတော့လည်း သူတို့ကိုယ့်ကို နေသည့်သူများ ဟု သာထင်မိသည်။လက်ခံလားမလက်ခံလား ကိုယ့်ကိုယ်တောင်တခါမှမမေးမိ။

ပိုင်ဇေက သူ့ကိုချစ်ပါသည်ဟု ဖွင့်ပြောလာသည့်အခါမှာတော့ သူမတွေးဖူးသည့်အချင်းအရာကို စဉ်းစားဖို့ရန်လိုလာသည်။သူသည် gay များကိုလာက်ခံနိုင်ပါသလား? သာမာန် ဖြတ်သွားဖြတ်လာ gay တယောက်မဟုတ်ပဲ မိမိကို ရအောင်လိုက်ပါမယ်ဆိုတဲ့ အချိန်မှာ သြရခေါင်းပူလေသည်။

အရပ်ပုပုနဲ့ စွာတေးလန် ကာ ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ကောင်လေးတစ်ယောက်က မဖိတ်ခေါ်ပါပဲ သူ့အိမ်ပေါ်ကိုရောက်လာပြီး သူ့ဘဝထဲကို နစ်နစ်နဲနဲ ဝင်ဖို့ကြိုးစားနေလေသည်။ဘာပဲဖြစ်ဖြစ် ဂျစ်တီးဂျစ်ကန်ကောင်လေး အိမ်ပေါ်ကိုရောက်လာသည်နှင့် သြရရဲ့ ဘဝပုံစံလေးသည် အနည်းငယ်ကမောက်ကမဆန်လာပြီး ပိုပြီး ပျော်စရာကောင်းလာတာအမှန်ပင် ဖြစ်သည်။ပိုင်ဇေ့အပေါ်တွင်ထားရှိခဲ့သမျှ စေတနာနဲ့မေတ္တာသည် ညီလေးတယောက်ထက်မပိုခဲ့ဘူးသလိုပင်။အကယ်၍ တလပြီးဆုံးသွားလို့ သူသာငြင်းခဲ့လျှင် ပိုင်ဇေနှင့်လုံးဝအဆက်အသွယ်ပြတ်သွားမည်လား?
ဒါဆို လက်ခံလိုက်ရင်ကော.... သြရသည် ထိုအကြောင်းတွေးလိုက်တာနှင့် ခေါင်းပင်ကိုက်လာသလိုပင်။ဘယ်ကနေစစဉ်းစား စဉ်းစား ဒီနေရာရောက်လျှင် အီးတစ် သလို တစ်နေပြန်သည်။

အတွေးစကိုဖြတ်လိုက်ပြီး သြရ ဝက်စတူးဟင်းရည်ကို မြည်းကြည့်လိုက်သည်။ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်ပြီးသူက duty off ပြီး ပိုင်ဇေကလည်း ကျောင်းပိတ်ကာ ခုထိမထသေးပေ။၁၁ နာရီလောက်ကြရင် မိမွန်နဲ့ခွန်းသက စာလုပ်ရန်လာမည်ဟု သြရကို ခွင့်တောင်းထားသည်။သြရကလည်း ငြင်းစရာအကြောင်းမရှိသည်မို့လက်ခံခဲ့ရာ မိမွန်တို့မလာခင်တော့ ပိုင်ဇေ့ကို နိုးရမည်ဟု သူတွေးမိလိုက်သည်။အခုက ၉နာရီရှိနေပြီ..ပိုင်ဇေမနက်စာစားဖို့လိုနေတာကြောင့် သြရ apron ကို ချွတ်ပြီး မီးဖိုချောင်ထဲက ထွက်ရန်ပြင်နေစဉ်မှာပဲ အခန်းထဲကနေ ထွက်လာတဲ့ပိုင်ဇေ့ကိုမြင်လိုက်ရတာကြောင့် မျက်လုံးကိုပင်ပွတ်ပြီး ဟုတ်မဟုတ်သေချာကြည့်လိုက်မိသည်။

My Boyfriend is a traffic policeWhere stories live. Discover now