part(36)

27.9K 3.8K 80
                                    

ပိုင်ဇေ သူ့အဖေရဲ့အိမ်ထဲကို ဝင်လာတော့ ဧည့်ခန်းတွင်မိန့်မိန့်ကြီး ထိုင်ကာ သူ့ကို တမင်စောင့်နေသည့် ဖခင်နဲ့ သူလာမှာကိုကြိုမသိတဲ့ မိထွေးရဲ့ အံ့သြမှုကိုမြင်လိုက်ရသည်။အချိန်က နှစ်နာရီခွဲလောက်ရှိနေပြီမို့ အဖေက company မှာ ရှိသင့်တဲ့အချိန်...ဒါတောင်သူ့ကို အခန့်သားစောင့်နေသည်ဆိုတော့ကား နည်းနည်းတော့ တစ်မျိုး ဖြစ်နေသည်။သူ့ကို ခေါ်လာသည့် ထောင်ထောင်မောင်းမောင်းလူနှစ်ယောက်က တံခါးမကြီးတွင် ရပ်လျက်ကျန်ခဲ့သည်။

"ဒေါ်ကြီးမြသားလာတယ်..."
ပိုင်ဇေ သည်အိမ်ထဲဝင်ဝင်ချင်း သူ့ရဲ့အမေသဖွယ် အဒေါ်သဖွယ်ဖြစ်သူတစ်ဦးကို နုတ်ဆက်လှမ်းအော်လိုက်သည်။
သူ့အသံကိုကြားတာနဲ့ ဒေါ်ကြီးမြက ခေါင်း ပြူကာ ပြုံးရွှင်သောအသံဖြင့်
"ဟယ် ငါ့သား ပြန်လာပြီလား...ခဏစောင့်!သားအကြိုက် သံပုရာရည်ဖျော်ပေးမယ်"

ပိုင်ဇေသည် ပြုံးကာ သူ့ကို မမှိတ်မသုန်ကြည့်နေသည့် လင်မယားနှစ်ယောက်ရှေ့ဝင်ထိုင်လိုက်သည်။
"ဘာတွေ လောနေတာလဲ Daddy!အမွေခွဲပေးတော့မို့လား?"

ဦးဇေယျနိုင်သည် သက်ပြင်း ချလိုက်ကာ ပိုင်ဇေ့ကို မမှိတ်မသုန်ကြည့်နေလေသည်။အရွယ်ကောင်းသည့်ဖခင်က အသက် ၅၅ ရောက်သည့်တိုင် နုပျိုနေဆဲ..
ဒေါ်မျိုး"ခင်ကတော့ သူ့ယောင်္ကျား ဘာပြောမလဲ ဆိုတာကို စောင့်နေပုံပေါ်သည်။

"မင်းအခုဘယ်မှာနေနေတာလဲ?"

Daddy ရဲ့အမေးက နေ ပိုင်ဇေ မကောင်းတာတစ်ခုခုကိုခံစားလိုက်ရသည်။
"သူငယ်ချင်းအိမ်မှာလေ..ဘာလို့လဲ.."

ဒုန်းး... ဦးဇေယျနိုင်သည် ခုံကို လက်နဲ့ ရိုက်ချလိုက်တာမို့ အသံက နည်းနည်း ဆူသွားကာ အအေးလာပို့သော ဒေါ်ကြီးမြပင်တုန်သွားသည်။ဒေါ်မျိုး"ခင်အတွက်တော့ ဒါက အပျင်းပြေ ပွဲလေး။
တစ်ခုခုမှားနေမှန်း ပိုင်ဇေ သိလိုက်ပြီ...ဒါက သူကိုသြရနဲ့ကြိုက်နေတဲ့အကြောင်းက လွဲလို့မဖြစ်နိုင်!
"မင်းငါ့ကို မလိမ်နဲ့ ပိုင်ဇေ...မင်းသခင်ရဲ့ သူငယ်ချင်းက မင်းသူငယ်ချင်းဖြစ်နိုင်မလား!"

မင်းသခင်ဆိုတဲ့နာမည်ပါလာတာကြောင့် ဒေါ်မျိုး"ခင်က နည်းနည်း လှုပ်ယွသွားသည်။
"သခင်...သခင့်သူငယ်ချင်း?အရင်တခါက အိမ်လာအိပ်သွားတဲ့ ကောင်လေးလား?"

My Boyfriend is a traffic policeWhere stories live. Discover now