part(45)

32.4K 3.6K 187
                                    

" ဟဲ့...အမလေးးး.."

မနက်ခင်းစောစောစီးစီးကို အော်သံကျယ်ကြီးနှင့်အတူအစပြုလိုက်လေသည်။ထိုအသံပိုင်ရှင်သည် ရန်နိုင်၏မိန်းမဖြစ်သူ မခိုင်လေး ဆီမှ အပေါ်ထပ်က အခန်းတွင် အိပ်ပျော်နေတဲ့ လူနှစ်ယောက်ကို ပူးကပ်ပြီး တွေ့လိုက်ရ၍ဖြစ်သည်။(ဖက်အိပ်တာနော် တခြားမပူးဘူး ဟင်းဟင်း)

မခိုင်လေးရဲ့ အော်သံကြောင့် ကုတင်ပေါ်က နှစ်ယောက်လုံး လန့်ပြီးနိုးလာကြသည်။ ကုန်းထလာတဲ့ သြရကိုမြင်မှမခိုင်လေးက တအံ့တသြ ပြောလေသည်။
"ဟဲ့...သြရမောင်မလား?"

"ဘာဖြစ်တာလဲ...ဘာဖြစ်ကြတာလဲ?? မိန်းမ မင်းမမြင်သင့်တာတွေမြင်ကုန်ပြီလားကွာ.."

ရန်နိုင်က အောက်ထပ်ကနေအပြေးတပိုင်းတက်လာပြီး အမောတကောမေးလေသည်။အဝတ်အစားကပ်နေသည့်ပိုင်ဇေနှင့်သြရကိုမြင်မှ သူသက်ပြင်းချလိုက်မိသည်။
"မိန်းမ မင်းကပြန်ပြန်လာချင်း ကိုယ့်ယောင်္ကျားအခန်းမဝင်ပဲ သူများအတွဲအခန်းကို ဘယ်လိုရောက်နေတာလဲကွ.."

ခိုင်သူဇာခေါ် ခိုင်လေးသည် တအံ့တသြဖြင့်သူ့ယောင်္ကျားကိုပြန်ကြည့်လိုက်သည်။သူနားကြားမှားတာတော့မဟုတ်ဘူးမလား?
"အတွဲ...ဒီနှစ်ယောက်က အတွဲတွေလား?"

"လာပါကွာ..ဟိုနှစ်ယောက် ဆက်အိပ်ဆက်အိပ်..."

ရန်နိုင်သူ့မိန်းမကို ဆွဲခေါ်သွားတော့ မခိုင်လေးကလည်း ယက်ကန်ယက်ကန်ပါသွားလေသည်။
သြရနဲ့ပိုင်ဇေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာ ရီလိုက်မိကြသည်။

"ပြန်အိပ်လိုက်အုန်းလေ ပိုင်ဇေ..စောသေးတယ်"
သြရက သူ့ခေါင်းလေးကိုပွတ်ပြီးပြောတော့ ပိုင်ဇေ ငြင်းလိုက်သည်။
"တော်ပြီ..အားနာစရာကြီး လန့်သွားလားမသိဘူး!"

"ဟဟ..မလန့်လောက်ပါဘူး ကိုရန်နိုင်ရှင်းပြလိမ့်မယ်..မအိပ်တော့ဘူးဆိုရင် လည်း မျက်နှာသစ်တော့..
ရေချိုးမလား? ရာသီဥတုကနည်းနည်းတော့အေးတယ်.."

ပိုင်ဇေသည်ဟိုကုတ်သည်ကုတ်လုပ်ကာ စဉ်းစားရင်မိမွန်ပြောတဲ့စကားကို နားထဲပြန်ကြားယောင်လာသည်။'သူမစရင် နင်စရမှာ'တဲ့..
"အဟင်း...အအေးသက်သာအောင် ရေတူတူချိုးမလား?ဟို..ဘာရည်ရွယ်ချက်နဲ့မှပြောတာမဟုတ်ဘူးနော်.."
(-+-)

My Boyfriend is a traffic policeWhere stories live. Discover now