part(54)

26.6K 3.1K 123
                                    

၂၀၁၂....

"ဒါဈေးဘယ်လောက်ရှိလဲဟင်..မျိုး..."

မျိုးမျိုးခင်သည်ပိုင်နန်းထုတ်ပြသည့် ဆွဲကြိုးကို ယူကာ အသေးစိတ်ကြည့်လိုက်သည်။ အရည်အသွေးတောက်ပြောင်နေတဲ့ ပတ္တမြားကို သူမယုံသင်္ကာဖြစ်မိသည်။
"ဒါနင်ဘယ်ကရတာလဲ.."

ဆံပင်ကို ကျစ်ကာ ဘေးတစ်ဖက်ကို ချထားသော ပိုင်နန်း၏ပုံစံသည်ရိုးရှင်းလှသည်။သူမကတကယ်ကို သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်.. အပြင်လောကနဲ့အဆက်အသွယ်သိပ်မလုပ်သူအဖို့ ကျောက်မျက်အကြောင်းတွေကိုလည်း သူမနားမလည်၊ဒါကြောင့် ကျောက်အရောင်းအဝယ်လုပ်သည့် သူငယ်ချင်း ဖြစ်သူ မျိုးမျိုးခင်ကို ခေါ်ကာ မေးကြည့်ခြင်းပင်။ထိုအချိန်တုန်းက သူမယောင်္ကျား ဖောက်ပြန်နေတာကို သိပင်မယ့် သူမသူငယ်ချင်းနဲ့ဆိုတာကို မသိသေး။

"အဲ့ဆွဲကြိုးက ငါ့ကို ဖာသာတို့ ကောက်ရတည်းက အင်္ကျီထဲမှာ ပါလာတာတဲ့.. ငါ့မွေးစားမိဘတွေငါ့ကိုမွေးစားတော့
ဖာသာက ဒီပ္စည်းကိုပါငါနဲ့အတူထည့်ပေးလိုက်တာ...ငါ့မွေးစားမိဘတွေကလည်း မရှိတော့ဘူး..
ငါ ကိုဇေယျနဲ့ခိုးရာလိုက်တုန်းက လိုရမယ်ရယူလာလိုက်တာ...ဘာလို့လဲ.."

"အင်း အရေအသွေးကသိပ်မကောင်းပါဘူး... ကာလပေါက်ဈေးနဲ့ဆို အရမ်းမရပါဘူး..နင်ငွေလိုရင်ငါရောင်းပေးမယ်လေ.."

မျိုးမျိုးခင်သည် စိတ်ထဲက ရှိရာနဲ့ကို ပြောင်းပြန်ပြောလိုက်သည်။ဒီပတ္တမြားက သေအောင်ကောင်းလွန်းနေသည်။သူအရောင်းအဝယ် လုပ်တဲ့အတော်အတွင်း တခါမှ ဒီလောက်အရေအသွေးကောင်းတာမျိုး မတွေ့ဖူး..2 carat လောက်တော့ ရှိလောက်မည်။

ပိုင်နန်းကပစ္စည်းကို တယုတယပြန်သိမ်းလိုက်ကာ
"ရောင်းချင်တယ်ရယ်လို့လည်း မဟုတ်ပါဘူး..ဒါက ငါနဲ့အတူ နှစ်အများကြီးရှိလာတာလေ.. ဘာပဲဖြစ်ဖြစ် ငါ့သားကို အမွေအဖြစ် ပေးခဲ့ရမယ်လေ..."

မျိုးမျိုးခင်ကတော့ နှုတ်ဆိတ်သွားလေသည်။သူမစုံစမ်းသလောက် ဒီပတ္တမြားသည် pigeon's blood ruby အမျိုးအစားဖြစ်ပြီး ဈေးအလွန်ကောင်းလှသည်။
ဒါသာရရင်သူမတသက်လုံးဖူလုံပြီး အိပ်စားရုံပဲ...သူ့မှာ သားနှစ်ယောက်ရှိသည်။တယောက်က သူ့ဆီမှာ နောက်တယောက်က သူ့အရင်ခင်ပွန်းဟောင်းဆီတွင်ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ပိုင်နန်းရဲ့သားက နဂို ထဲက ရွှေဇွန်းကိုက်မွေးလာသူ...ဒါမရှိတော့လည်း ပိုင်နန်းတို့ဘဝက ဘာမှဖြစ်သဃားမှာမဟုတ်...လိုချင်ရမ္မက်တွေက မျိုးမျိုးခင်ဆီတွင်တောက်လောင်လျက်ရှိသည်။

My Boyfriend is a traffic policeWhere stories live. Discover now