part(15)

31.9K 4K 300
                                    

ပိုင်ဇေ့တိုက်ခန်းကို ကျောင်းဆင်းတော့ မိမွန်နဲ့ခွန်းသက လိုက်လာပြီး သန့်ရှင်းရေးကူလုပ်ပေးကြသည်။တိုက်ခန်းပုံစံက ကိုသြရ အခန်းလိုမျိုးပင်။ ဘာပစ္စည်းမှများများစားစားမရှိသေးပေ။ဝယ်ကတည်းကပါလာသည့် အိပ်ယာ၊TV၊ရေခဲသေတ္တာ၊ဆိုဖာ အမည်းတွေကလွဲရင် ဒန်အိုးဒန်ခွက်များလည်းမရှိသေးပေ။ဖုန်အနည်းငယ်တက်နေရုံကလွဲရင် အများကြီးရှင်းစရာမလိုသည်မို့ မိမွန်နှင့်ခွန်းသလည်း ခဏသာ ကူညီလိုက်ရပြီး သိပ်မကြာခင် အိမ်ပြန်သွားကြသည်။ဒါတောင်မိမွန်က ကိုသြရ တိုက်ခန်းထဲအလည်သွားဖို့မြူစွယ်နေသေးသည်။မနည်း နှင်ထုတ်လိုက်ရသေးတယ်။ ပိုင်ဇေကတော့အခုလို စိတ်အခြေအနေမျိုးမှာ ကိုသြရနဲ့လည်းမတွေ့ချင်သေးပါ။သူများအိမ်မှာသုံးရက်လေးရက်လောက်သွားနေခဲ့ပင်မယ် ဖုန်းနံပါတ်လည်း မမေးလိုက်ရသလို Facebook account လည်း မတောင်းလိုက်ရပါ။ဘယ်လောက်တောင်တိုးတက်လိုက်သလဲ…

အိပ်ယာပေါ်ကို ပစ်လဲချပြီး ခဏမှေးလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားသည်။ ပြန်နိုးလာတော့ ၈ နာရီလောက်ပဲရှိသေးသည်။ညနေခင်းကြီး အိပ်လိုက်တာမို့ လူက နောက်ကျိကျိကြီးဖြစ်နေသည်။
ရေခဲသေတ္တာရှိရာကိုသွားပြီး ရေအေးအေးလေးသောက်ရန်ကြံရွယ်စဉ် ပြောသလင်းခါနေတဲ့ရေခဲသေတ္တာကြီးက ပြုံးပြုံးကြီးကြည့်နေသလို။
ပိုင်ဇေ စိတ်ပျက်စွာညည်း တွားလိုက်သည်။
ဟုတ်သားပဲ...ဘာဆိုဘာမှမဝယ်ရသေးပါလား...ဒေါ်ကြီးမြပေးထားတဲ့ ပိုက်ဆံတွေနဲ့ နည်းနည်းဝယ်ဖြည့်ထားမှပါ...

ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးကဖွဲဖွဲလေးကျနေသေးသည်။မိုးရာသီလည်းမကုန်နိုင်သေးဘူးလား... အရင်ကတော့ ကားလေးနဲ့တဝီဝီ ဆိုတော့ မိုးကိုလည်းဂရုမစိုက် နေကိုလည်းဂရုမစိုက်။အခုတော့ ပါကင်ထိုးထားတဲ့ကားက ဖုန်တက်ပြီး သူ့ကိုပင် ကျိန်ဆဲနေပြီလားမသိ။မာနတံခွန် တလူလူနဲ့အိမ်ပေါ်ကဆင်းလာတာဆိုတော့ အရင်ကလို ထိုင်နေထိုင်စား မရတော့ဘူးဆိုတာကိုသဘောပေါက်လာသည်။နောက်နေ့ကြရင်အလုပ်ရှာမှရမည်။
သူတို့အဖွဲ့တွင် မိမွန်သာ အလုပ်ရှိသည်။အရင်ထဲက ရတဲ့ပိုက်ဆံတွေကိုစုပြီး ဆိုင်ခန်းတခန်းငှားကာ အလှကုန်ပစ္စည်း ရောင်းသည့်ဆိုင်ဖွင့်ထားသည်။ကျောင်းတက်နေရတော့ သူ့အန်တီကသာ ဖွင့်ပေးသည်။သူကညနေညနေမှ သွားလုပ်ကူတာမျိုး။ဘာပဲဖြစ်ဖြစ် အဖွဲ့ထဲမှာ အဖြစ်ရှိတာဆိုလို့ မိမွန်တယောက်ထဲ ရှိသည်။ သူ့နားမှာပဲ အလုပ်တောင်းရင်ကောင်းမလား...မဖြစ်သေးပါဘူး...

My Boyfriend is a traffic policeWhere stories live. Discover now