Extra(2)

29.1K 3.2K 252
                                    

မီးရောင်စုံအောက်တွင် လူပေါင်းစုံက သူ့အကန့်နဲ့သူ စိတ်ကြိုက်ကခုန်နေကြသည်။
ထိုထဲတွင် အနက်ရောင်ဂျင်းဂျာကင်ကို အနက်ရောင်ဘောင်းဘီ အနက်ရောင်ဖိနပ်ဖြင့် တွဲဝတ်ကာ ခပ်မြူးမြူးကခုန်နေသောသူကတော့ ရှိုင်းသူ...
Club မတက်ရတာ နည်းနည်းတောင်ကြာနေပြီ အရင်က ကျောင်းကအုပ်စုနဲ့သွားဖြစ်ပင်မယ့် ယခု မိမိရဲ့ ဆိုးသမျှပေးသမျှကို ဒိုင်ခံရှင်းပေးတဲ့နိုးနိုးက ပြင်ဦးလွင်က သူ့ချစ်လင်ဆီကောက်ကောက်ပါသွားတာမို့ မသွားဖြစ်။အခုမှ ကျောင်းက ကောင်နှစ်ကောင်ကို ဆွဲလာပြီး စိတ်ကို မြူးအောင် ခေတ္တခဏ လာဖြေဖျောက်ခြင်း...ရှိုင်းသူက အစတည်းက gay ဆိုတာဝန်ခံထားသည့်အပြင် ဘယ်သူ့ကိုမှ ဂရုစိုက်တဲ့သူမဟုတ်တာမို့ အမြဲပေါ့ပေါ့ပါးပါး...

ပါလာသည့်နှစ်ကောင်ကလည်း ကောင်မလေးတွေကိုသွားဖွန်နေသည်မို့ လိုင်းမတူသည့်ရှိုင်းသူကတစ်ကိုယ်တည်းသမားလိုဖြစ်နေသည်။
ထိုစဉ်နောက်ကနေ ခါးကို လှမ်းထိလာတဲ့ခံစားမှုကြောင့် ချက်ချင်း လက်ကို လှမ်းဖမ်းကာ လူလည်းအလှည့် လက်လည်း လိမ်လိုက်သည်။

"အာ့ ..ရှိုင်း ကိုယ် ဝန လေ.."

သီချင်းသံတွေကြား ရင်းနှီးတဲ့အသံကိုကြားမှ ရှိုင်းသူ လက်ကို လွှတ်လိုက်ကာ
"ဝန..ဟိုဝနလား.."

"ဘယ်ဝန ဖြစ်ရအုန်းမှာလဲ..လာ ဒီနားက ဆူတယ်..ဟိုဘက်သွားရအောင်.."

ငြင်းဖို့တောင်မကြံရသေးခင်မှာ တစ်ဖက်က ဝနက ဆွဲခေါ်သွားတာမို့ ရှိုင်းသူ တရွတ်တိုက်ပါသွားသည်။

အရက်ဘီယာ ကော့တေးစပ်တဲ့ ဘားနားကို ရောက်တော့ သီချင်းသံသည် ခုဏကလောက်မကျယ်တော့သလို..တစ်ယောက်မျက်နှာတစ်ယောက် ကိုလည်းသေချာ မြင်နေပြီဖြစ်သည်။
လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ လက်ကို ရှိုင်းသူ ဖယ်လိုက်တော့ ဟိုက အလိုက်သတိပင် ရုတ်သွားသည်။
"အို sorry နာသွားလား.."

"ရပါတယ်.."

ဝန ..ဝနက သူ့ရဲ့ ex ... တွဲခဲ့သမျှ ရည်းစားတွေထဲမှာ ကိုယ်ကအထားခဲ့ခံရတဲ့သူ ပထမဆုံး ဖြစ်ခဲ့သည်မှာ ဒီဝနဆိုသည့် လူနဲ့က ပထမဆုံးပင်..ကျန်သည့်သူတွေက သူက ချည်းထားခဲ့တာမို့..ဒီတယောက်နဲ့ကြ နည်းနည်း ရာဇဝင်ရိုင်းသည်။မိမိနဲ့ပြတ်ပြီး ကိုဝနက တခြားမြို့ကိုသွားလိုက်တာတော့သိသည်၊ရှိုင်းသူ အတိအကျမစုံစမ်းမိ။အရင်က ရည်းစားများသလောက် အခုမှ သခင်နဲ့ခြေငြိမ်နေခြင်းကလည်း သခင့်ရဲ့အစွမ်းအစတစ်ခု..ဟော..တခြားအကြောင်းတွေးရင်းသခင့်အကြောင်းကပါလာပြန်ပြီရယ်..

My Boyfriend is a traffic policeWhere stories live. Discover now