part(18)

31.4K 4.1K 428
                                    

နောက်နေ့မနက်တွေမနက်တွေမှာ ပိုင်ဇေကပုံမှန်ပြန်ဖြစ်သွားသည်။သူက အကြောင်းအရာတစ်ခုကိုကြာကြာတွေးပြီး မခံစားတတ်ပါ။သြရမောင်နှင့်သူကလည်း ဘာမှဖြစ်သေးတာမှမဟုတ်တာ... မမေ့တာကသူ့အပိုင်းမေ့အောင်လုပ်ရမှာက ငါ့အပိုင်းပဲ...

မနက်ခင်းတိုင်းအတူ မနက်စာစားကြပြီး မနက်တိုင်း ကျောင်းပို့ ပေးခြင်းကိုခံရလေသည်။နီးစပ်လာပြီလား လို့မေးရင် လည်း မနီးစပ်သေးပြန်ဘူး။ဒါဆို မနီးစပ်တော့ဘူးလား လို့မေးရင်လည်း နီးတော့နီးစပ်နေပြီ။
မိမိနှင့်ကိုသြရကြားထဲတွင် အကွာအဝေးတခု အလွှာပါးပါး လေးတစ်ခုရှိနေသည်။ထိုအရာက ဘာမှန်းသေချာမသိပင်မယ့် ကိုသြရရဲ့အပြုအမူတွေက သူ့အပေါ်သိသိသာသာပြောင်းလဲ သွားခြင်းမရှိသေးး!

ဝှိုင်းး??ခန္ဓာကိုယ်အလှတွေထုတ်ပြဖို့လိုသေးလား::)
ပေါ်တင်ကြီးလဲ သွားစလို့မရမှန်းတော့ သူသိတယ်။

ညနေခင်းတိုင်းကိုတော့ ပိုင်ဇေ ပါမုန့်နဲ့ နို့ဘူးသောက်တဲ့ညကတလှည့် မာမီးခြောက်ချေစားတဲ့ အခေါက်ကတလှည့်ဖြစ်နေတာ တပတ်နီးပါးရှိတော့မယ်။
အလုပ်ဝင်စက သိပ်အဆင်မပြေသော်လည်း ပိုက်ဆံရှင်းသည့်နေရာတွင်သာ လုပ်ရကိုင်ရသည်မို့ အခုဆိုတော်တော်အဆင်ပြေနေပြီဖြစ်သည်။မနက်ခင်းတိုင်းကို အချစ်နဲ့အစပြိုးရပင်မယ့် ညနေခင်းတိုင်းကိုတော့ကျက်သရေတုံးစွာဖြတ်သန်းရပါသည်။ဒီကြားထဲနေ့လည်နေ့လည်ဆို ရောက်ရောက်လာသည့် ကိုမင်းသခင်ကတမျိုး။ ဘယ်လိုမှလည်း နှင်ထုတ်လို့မရပေတေပြီးနေသည်။ဒါတောင် တိုက်ခန်းကို လိုက်လာရင် နောက်လုံးဝမတွေ့တော့ဘူးဆိုလို့ မလာခြင်းပင်။သူလည်း တော်တော်ဖြစ်နေပုံရသည်။
ဥက္ကာ က တော့ အခုနောက်ပိုင်းသိပ်ရန်မစ... လကုန်ရင်စာမေးပွဲလည်းဖြေရတော့မှာမို့ ပိုင်ဇေ စာတွေလည်းလိုက်လုပ်နေရသေးသည်။ကိုယ့်ပိုက်ဆံကိုယ် ရှာရတာ ခက်မှန်း လက်တွေ့မှသိတော့သည်။ညညဆိုပင်ပန်းလွန်းလို့ စာလုပ်ရင်းအိပ်ပျော်သွားသည်များပင်ရှိသည်။

ဒီနေ့ တော့ သူငယ်ချင်းသုံးယောက်လူမစုံပါ။
ခွန်းသက သူ့ အမေနေမကောင်းတာကြောင့် သူ့အမေအလုပ်တွေကို ဝိုင်းကူလုပ်ရန် ကျောင်းတစ်ရက်ပျက်လိုက်ရသည်။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့လည်း မင်းသခင်ကရောက်မလာပဲ msg ပို့ပြီး ပိုင်ဇေ့ကို
ဒီနေ့ မလာဖြစ်ဘူး ဆိုတဲ့အကြောင်းသံတော်ဦးလာတင်သွားသေးသည်။ပိုင်ဇေလည်း ညှာညှာတာတာပြန်ပို့ပေးလိုက်ပါသည်။<မလာလေ ကောင်းလေ>ဟု။

My Boyfriend is a traffic policeWhere stories live. Discover now