part(32)

32.5K 4K 350
                                    

ကျောခိုင်းလိုက်သည့် ခြေလှမ်းများသည်နာကျင်မှုအတိ...
အချစ်က ပေးဆပ်ခြင်းလား ရယူခြင်းလားမကွဲပြားချိန်မှာ နာကျင်ရမယ်ဆိုရင်တော့ ပြေးထွက်မိမယ့် ကျွန်တော်က ယုန်သူငယ်...

လက်ကောက်ဝတ်ကနေ ဆတ် ခနဲ စောင့်ဆွဲခံလိုက်ရတာကြောင့် လက်ထဲက ကိုင်ထားသည့် အဝတ်အိတ်က ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျသွားပြီး ပိုင်ဇေရဲ့ ကိုယ်လေးက သြရနဲ့ တလက်မ သာကွာဝေးသည့် မျက်နှာချင်းဆိုင်အကွာအဝေးကိုရောက်သွားသည်။
"ကျွန်တော့်ကို လွတ်စမ်းပါ..."

သြရသည်အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်နေဟန်ဖြစ်နေပင်မယ့် ပိုင်ဇေ့လက်ကောက်ဝတ်ကို သာသာ လေး ဆုပ်ကိုင်ထားသည်။ပိုင်ဇေရုန်းဖို့လုပ်လျှင် ပြန်ဆွဲတင်းလိုက်ပြီး တဖန်ပြန်ဖြေလျော့လိုက်သည်။
"ကိုယ်ပြောလို့ မပြီးသေးဘူး...အဲ့လို တဖက်သက်အတွေးတွေနဲ့ တဖက်သတ်စွပ်ဆွဲချက်တွေက မလွန်လွန်းဘူးလား..."

"ကျွန်တော်ပြောတဲ့ထဲမှာ ဘာမှားတာ ပါလို့လဲ??ဦးလေးကြီးက လက်ထပ်တော့မှာပဲမဟုတ်လား? ဘာလဲ သတို့သားအရံ လုပ်စေချင်သေးတာလား..."

"မင်းပြောလေ ဆိုးလေပါလား.."
သြရကမကျေမနပ် ဖြစ်ကာ သူ့အနီးကို ပိုပြီးဆွဲကပ်လိုက်တော့ နှစ်ယောက်သား ပူးကပ်သွားသည်။
ပိုင်ဇေ့မျက်နှာသည် နီရဲကာ အလွန့်အလွန်ကိုဒေါသထွက်နေပုံရသည်။မျက်ရည်ကြည်တစ်ချို့ကာ စိုစွတ်နေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပုံက ဘဲပေါက်တစ်ကောင်လို...
"အကို လက်ထပ်ရမယ်ဆိုတာမှန်တယ်..."

ဝန်ခံလာတဲ့စကား တစ်ခွန်းကြောင့် ပိုင်ဇေ ငိုမဲ့မဲ့ဖြစ်သွားသည်။သြရသည် သက်ပြင်းချကာ လက်လေးငိုလွတ်ပေးလိုက်သည်။ပိုင်ဇေသည် ရှောင်ပြေးခြင်းမရှိပဲ နေရာတွင်ရပ်နေမိပြီး ခေါင်းကိုအသာငုံ့လိုက်သည်။သြရရဲ့စကားသံက ဆက်လာသည်။
"ဒါပင်မယ့် အကိုငြင်းလိုက်တယ်.."

ပိုင်ဇေ့ခေါင်းလေးသည်ဆတ်ခနဲပြန်မော့လာသည်။
သြရရဲ့မျက်နှာက ပိုပြီး အရောင်ရင့်လာသလိုပင်။
သြရသည် သူ့ဂုတ်ပိုးကိုသူ ပြန်ပြီး ကိုင်ကာ ပိုင်ဇေ့မျက်လုံးများကိုမကြည့်ပဲ တိုးတိုးလေးပြောလာသည်။

My Boyfriend is a traffic policeWhere stories live. Discover now