part(24)

30.6K 3.8K 557
                                    

နေ့လည် တပိုင်းလောက် စာရှင်းစာလုပ်ပြီး နောက်တွင် ခွန်းသနဲ့မိမွန်က ပြန်သွားကြတာမို့ ပိုင်ဇေတယောက်ထဲတိုက်ခန်းတွင်ကျန်ခဲ့သည်။စာဆက်လုပ်ချင်စိတ်က လုံးလုံးလျားလျားမရှိတော့တာမို့ ဟိုလျှောက်ဒီလျှောက်လုပ်ရင်းနဲ့ ဖုန်းကို ကြည့်ပြီး မောင် ဆိုတဲ့နံပါတ်ကို နှိပ်ဖို့ပြင်ပြီးမှ လက်လျော့လိုက်သည်။ခုချိန် သြရက အလုပ်လုပ်ချိန်ဆိုတော့ အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်။ဆိုဖာပေါ်တွင်ပက်လက်ဝင်အိပ်လိုက်ကာ မိမွန်ပေးထားတဲ့ ဟာတွေကိုကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
မိမွန်က အတော်တော့ စေ့စပ်သည် boy love ကားပေါင်း ၁၅ ကားလောက်ကူးပေးသွားပြီး album နဲ့တောင် သေချာစုထားပေးသည်။ဘယ်ဟာက ထိုင်း ဘယ်ဟာက korea ဘယ်ဟာက တရုတ်ဆိုပြီး။ wattpad လည်းဖွင့်သွားပေးကာ romance cut လေးတွေကိုလည်း စုထားပေးသေးသည်။
စာဖတ်ဖို့ ပျင်းနေသေးတာမို့ နှစ်မိနစ်သုံးမိနစ်သာကြာတဲ့ romance လေးတွေကို အရင်ကြည့်လိုက်သည်။
ပထမ တစ်ခုကိုသူသိသည်။goblin ကားထဲက အပိုင်းတိုလေးဖြစ်သည်။ကိုးရီးယားကနေ တံခါးဖွင့် ကနေဒါရောက်...မိုက်နေလိုက်တာ။ထိုအခန်းမှာ မင်းသမီးက မှင်စာ မင်းသားကို ဆားရားဟဲရော ပြောသည့်အခန်းတွင် ဇာတ်ဝင်တေးက ဝင်လိုက်တော့ လွင့်နေရောပဲ။ဘဝမှအဖြစ်ချင်ဆုံးက ဇာတ်ကားထဲကလို ချစ်ကြည်နူးတစ်တီတူးရင် အနှေးပြကွက်လေးဖြစ်သွားပြီး အနောက်က နေ သီချင်းသံ လိုက်လာတာကိုပဲ!!
ပိုင်ဇေ ထို video ကိုကြည့်ပြီး ပြုံးနေမိကာ သီချင်း ဖွင့်လိုက်ပြီး မှန်ရှေ့ကို မပြေးရုံတမယ်သွားလိုက်သည်။
ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ပြီး ချောင်း ဟန့်လိုက်ကာ စကားစပြောတော့သည်။
"ဦးလေးကြီး တစ်ခုခု လုပ်နိုင်တယ်ဆိုရင်
ဆုံးဖြတ်ချက်ချမယ်"

ပိုင်ဇေသည် မှန်ကိုကြည့်လျက်မရီမိအောင်ထိန်းထားရင်းဆက်ပြောဖို့လုပ်သည်။
"ကျွန်တော်ကြိုက်တာလုပ်မယ်"

"..."

"ကျွန်တော် ခင်ဗျားကို လက်ထပ်မယ်!  ဦးလေးကြီးကမှင်စာဆိုတာ ကျွန်တော် သိတယ်!ချစ်တယ်"

ပိုင်ဇေသည် တယောက်ထဲ ပြောပြီး မနေနိုင်အောင် လက်ကို ပါးစပ်နဲ့အုပ်ပြီး ထရီမိလိုက်သည်။သီချင်းသံနဲ့ဆိုရင် အဟိ...ငါ့ကို တချက်ထဲ ကြွေသွားမှာ...
မစောင့်နိုင်တော့ဘူး သူဘယ်အချိန်မှပြန်လာမှာလဲ..
နောက်တခေါက်ထပ်ကျင့်ရမယ်...
ပိုင်ဇေသည် ထိုစကားလုံးတွေကို အခေါက်ခေါက်အခါခါမှန်ရှေ့တွင်ရုပ်တည်ကြီးနဲ့လေ့ကျင့်နေသည်။အချိန်တနာရီကျော်လောက်ကြာချိန်ရောက်တော့ ပိုင်ဇေ ပင်ပန်းလာတာမို့ ဆိုဖာပေါ်ပြန်အိပ်ပြီး ဖုန်းကြည့်ရင်း ဇာတ်ကျိုးကာ အိပ်ပျော်သွားတော့သည်။

My Boyfriend is a traffic policeWhere stories live. Discover now