part(12)

32.3K 4.8K 174
                                    

ပိုင်ဇေ သည် မင်းသခင်ပေးတဲ့သော့ကိုယူပြီးသေချာကြည့်လိုက်သည်။တကယ်ပဲ ဒါသူရဲ့တိုက်ခန်းသော့ပင်။ဒါတို သူ သြရမောင် တိုက်ခန်းကနေခွာရတော့မှာပေါ့... ဒီလိုကြတော့လည်း လွမ်းချင်ချင်တောင်ဖြစ်သွားသည်။

ထိုချိန် တံခါးစီကနေ သော့ဖွင့်သံနဲ့အတူ သြရမောင်ဝင်လာသည်။ပထမသူက မတ်တပ်ရပ်နေတဲ့ ပိုင်ဇေ့ကိုသာဝင်ဝင်ချင်းမြင်တာမို့ စကားကိုဆက်တိုက်ပြောလေသည်။
"ပိုင်ဇေ... သူငယ်ချင်းတွေရောက်နေပြီလား"

သြရထိုသို့ပြောပြီးတာနဲ့ ဆိုဖာပေါ်တွင်ထိုင်နေသော မင်းသခင်ကိုတွေ့လိုက်ရသည်။
"မင်းသခင်...မင်းဘယ်တုန်းကရောက်တာ?"

"အစောနလေးတင်ကပါ..."

အမြဲ ချိုချိုသာသာရှိတဲ့မင်းသခင်သည် ယခုမူ သိပ်ဟက်ဟက်ပက်ပက်မရှိလှ ပိုင်ဇေက လည်း ဆူပုတ်နေသည်။အခြေအနေမှာ သိက်မကောင်းလှသလိုရှိကာ ပတ်ဝန်းကျင်ကလည်း အေးစက်နေသလိုပင်။

မင်းသခင်သည် မတ်တပ်ရပ်လိုက်ပြီး ပိုင်ဇေ့ကိုရည်ရွယ်ပြီး ပြောလိုက်တဲ့စကားကြောင့် သြရမောင် အံ့သြသွားသည်။
"ညီ ဒါဆို အဝတ်တွေ ပြန်သိမ်းလိုက်တော့လေ... အကို အခန်းရှင်းကူမယ်"

ပိုင်ဇေက ထွက်သွားတော့မှာလား...သြရရင်ထဲတမျိုးခံစားသွားရပင်မဲ့ အမှုမဲ့အမှတ်မဲ့ပင်...
ပိုင်ဇေသည် သြရမောင်ကို တချက်လှမ်းကြည့်ပြီးမှ မင်းသခင်ကို မလိုသလိုအကြည့်ကြည့်လိုက်သည်။
"နေပါ...ခင်ဗျားအပူ မဟုတ်ပါဘူး...အဝတ်သိမ်းတာမသိမ်းတာက ကျွန်တော့်ကိစ္စပါ.. ကျွန်တော့် ဘာသာလုပ်နိုင်တယ်!"

"ပိုင်ဇေ...အကြီးကို အဲ့လို မပြောရဘူးလေ..."

သြရ၏ဝင်ဟန့်မှုကြောင့် ပိုင်ဇေသည် ချက်ချင်းပါးစပ်ပိတ်သွားသည်။မင်းသခင်ကတော့ ကြိတ်မနိုင်ခဲမရ...ပိုင်ဇေဘယ်လောက် သူ့ကိုပစ်ပစ်ခါခါ ပြောပြော သူမမှုပါ...ပိုင်ဇေ့ရဲ့စိတ်က တဇွတ်ထိုးဆန်သည်မို့ သူအပြည့်အဝနားလည်ထားသည်။သို့သော်မနေ့တနေ့ကမှ ပေါ်လာသည့် သြရဆီမှာ ရက်ပိုင်းလောက်ရောက်နေပြီး သြရနဲ့ မိတ်ဆွေဟောင်းလိုဖြစ်နေတာမျိုးကိုတော့ လုံးဝဘဝင်မကျပါ... မိမိဘာပြောပြော ပြန်ပက်တတ်သည့်ကောင်လေးက သြရနဲ့ကြ ကြောင်ပေါက်လိုပင်။

My Boyfriend is a traffic policeWhere stories live. Discover now