part(48)

34.4K 3.3K 497
                                    

သြရနိုးနိုးချင်းကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲဝင်ပြီး ရေလောင်းချိုးလိုက်သည်။အချိန်က ၁၀နာရီလောက်ရှိနေပြီမို့ ရာသီဥတုက အရမ်းကြီးအေးမနေ...

အေးစိမ့်စိမ့်ရေအရသာကြောင့်မို့ မူးနောက်နောက်ဖြစ်နေသည့်စိတ်တို့က အတနနငယ်ရှင်းလင်းသွားသည်။ ရေပန်းအောက်တွင် ရပ်နေတုန်း မှန်ကို ဖြတ်ခနဲကြည့်လိုက်မိချိန်တွင် လည်ဂုတ်တွင် အကွင်းလိုက်ရှိနေတဲ့ကိုက်ရာတွေကြောင့် မျက်လုံးပြူးသွားသည်။မနေ့ညက အကြောင်းအရာများသည် ခေါင်းထဲ ယဲ့ယဲ့လေး ပြန်ပေါ်လာသည်မို့ ရေကိုချက်ချင်းတိတ်ပြီး အောက်ပိုင်းကို တဘက်ပတ်ကာ ရေချိုးခန်းထဲက ထွက်ပြီး ကုတင်ဆီကိုပြေးတော့သည်။

ကုတင်တဖက်တွင် ကွေးကွေးလေး အိပ်နေသော ပိုင်ဇေ့ ကိုယ်ပေါ်က စောင်ကို ဖယ်လိုက်ချိန်တွင်တော့ သြရ ရူးချင်ချင် ဖြစ်သွားသည်။တကိုယ်လုံး နီရဲနေကာ နှုတ်ခမ်းတွေကလည်း ဖူးယောင်နေသည်။ကိုက်ရာဗလပွနဲ့ နီစုတ်စုတ်အကွက်ပေါင်းများစွာ..လက်တွင် ချည်ထားတဲ့ ကြိုးကို ချက်ချင်းဖြေလိုက်တော့ ချည်ထားတဲ့ဒဏ်ကြောင့် လက်က အရာက အကွင်းလိုက်...

"ဟာကွာ.."သြရမချိတင်ကဲ ရေရွတ်ပြီး သန့်ရှင်းရေး အမြန်လုပ်ပေးတော့သည်။အောက်ပိုင်းကယောင်နေတဲ့အရာကို မြင်တော့ တိုင်နဲ့ခေါင်းနဲ့ပင်ပြေးဆောင့်လိုက်ချင်တော့သည်။ပိုင်ဇေကား သတိလစ်နေတုန်း...

"ပိုင်...ပိုင်..ထပါအုန်း..ကျစ်!!"

သြရမျက်နှာက ပြိုတော့မဲ့ မိုးလို...
ချက်ချင်း အောက်ထပ်ကို ပြေးဆင်းပြီး ကိုရန်နိုင် တို့အခန်းတံခါးကို ထုခေါက်လိုက်သည်။ခုချိန်မှာ လူမှုရေး တွေဘာတွေလည်း သူနားမလည်...

"ဘာလဲ..သြရ..အိပ်နေတုန်းကို.."

ရန်နိုင်က အိပ်ချင်မူးတူးဖြင့် အခန်းတံခါးဖွင့်လာပြီး သြရကို မာန်မဲသည်။

"အကို လုပ်ပါအုန်း..ပိုင်ဇေ သတိလစ်နေလို့.."

"ဟေ.. ဘာဖြစ်တာလဲ..."

သြရရဲ့ ပုံစံက အလောတကြီးဖြစ်နေတာမို့ ရန်နိုင်လည်း အပေါ်ထပ်ကို မပြေးရုံတမယ် တက်ကြည့်ရတော့သည်။ကုတင်ပေါ်က ပိုင်ဇေ့ကိုကြည့်ပြီး ရန်နိုင် သြရဘက်လှည့်ကာ
"မင်းညက...အရက်သောက်ထားလား"

My Boyfriend is a traffic policeWhere stories live. Discover now