part(14)

32K 4.3K 164
                                    

သြရမောင် ထုံးစံအတိုင်း မနက် ခုနှစ်နာရီမထိုးခင်တည်းကနိုးလာကာ ဘေးတွင် ဘယ်သူ့မှ အိပ်မနေသည်ကို အရင်သတိထားမိလိုက်သည်၊အရင်ရက်တွေက သူထလျှင် ဘေးတွင် ပိုင်ဇေက ကားယား ပြီး အိပ်နေမြဲပင်။အခုကြတော့ နေရာလေးဟာလွတ်နေပြီး ပိုင်ဇေ့ရဲ့ အင်္ကျီထုပ် လက်ပ်တော့ များကလည်း ပျောက်နေပြန်သည်။သြရမောင်အိပ်ယာပေါ်ကဆင်းလိုက်ပြီး ဧည့်ခန်းနဲ့မီးဖိုချောင်ဘက်ကိုထွက်ကြည့်လိုက်သည်။ထမင်းစားပွဲပေါ်တွင် တင်ထားသည့် ကေည်ဖီခွက်မှလွဲရင် ခြေရာလက်ရာမပျက်။ပိုင်ဇေသည် သူမနိုးခင်တည်းက ထွက်သွားတာလား။
ကော်ဖီခွက်ကို အဖုံးလေးဖုံးထားပေးကာ ထိုခွက်ကို ဆွဲမလိုက်တော့ ခေါက်ထားတဲ့စာရွက်ဝါလေးကိုတွေ့လိုက်ရသည်။သြရ ခွက်ကိုပြန်ချလိုက်ပြီးစာရွက်ကို အရင်ယူဖြန့်ကြည့်လိုက်တော့ ဝိုင်းဆက်ဆက်လက်ရေးတချို့နဲ့စာကို အောက်ပါအတိုင်းတွေ့လိုက်ရသည်။

<သွားစရာရှိလို့အရင်သွားနှင့်ပါပြီ။ဒီညကော နောက်ညတွေပါ ပြန်လာတော့မှာမဟုတ်လို့ အေးဆေးအနားယူလို့ရပါပြီ။နေခွင့်စားခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျေးဇူးဆပ်တဲ့အနေနဲ့ တခုခု လုပ်ပေးချင်ပင်မဲ့ ကျွန်တော့်မှာလဲ ဘာမှမရှိလို့ ကိုသြရရဲ့ ကော်ဖီကိုပဲ ဖျော်ပြီး ကျေးဇူးဆပ်လိုက်ရပါတယ်။အရသာမကောင်းရင်လည်းသည်းခံပြီးကုန်အောင်သောက်ပါ။စေတနာတွေထည့်ဖျော်ပေးထားတယ်။တာ့တာ။>

သြရသည် စာကို ဒုတိယအကြိမ်ပြန်ဖတ်ပြီး သွားဖြီးပြီး ပြုံးလိုက်မိသည်။တကယ့်ကို အရွှတ်အနောက်လေးပဲ...သုံးရက်လောက်သာလာနေသွားတယ်ဆိုပင်မယ့်လည်း ဂျစ်ကန်ကန်ကလေး ဆန်တာတွေရှိတာကလွဲရင် ပိုင်ဇေကသူ့အတွက်ဝန်ပိုစေတဲ့သူ မဟုတ်ဘူး။ပြီးတော့ ပျော်ပျော်နေတတ်တဲ့ပိုင်ဇေက သူ့ကိုပါ ခဏခဏပြုံးစေခဲ့သည်။ရုတ်တရက်ကြီး ထထွက်သွားတော့ ရင်ထဲက ဟာတာတာကြီးဖြစ်သွားသလိုပင်။ပိုင်ဇေဖျော်ထားပေးတဲ့ကော်ဖီက နွေးနွေးလေး ရှိနေသေးသည်။ဒါဆို သူထွက်သွားတာ ၁၅ မိနစ်လောက်ပဲ ရှိလောက်သေးသည်။ ဘာလို့အလောတလျင် ထွက်သွားလဲမသိပါ။ အစကကျောင်းလိုက်ပို့ဖို့တောင်စဉ်းစားထားပြီးမှ။သြရ ငိုင်ငိုင်လေးဖြစ်သွားပြီး စာကို တတိယအကြိမ်ပြန်ဖတ်ပြီး ရေခဲသေတ္တာနားတွင်အမူမဲ့အမှတ်မဲ့ကပ်ထားလိုက်ပြီး ကော်ဖီကိုမော့သောက်လိုက်သည်။
ချက်ချင်းပင်ပြန်ထွေးချင်စရာကောင်ျးလာက်တဲ့ကော်ဖီဟာ သကြား တဘူးလုံးများထည့်ထားသလားအောက်မေ့ရတယ်။ သကြားလုံးတောင် သူ့လောက်မချိုဘူး။အိမ်ကနေထွက်ပြီး လူကို ဆီးချိုရောဂါအပို လက်ဆောင်ပေးသွားသလိုပင်။သို့သော် စာတွင်ပါသည့် ကုန်အောင်သောက်ပါဆိုသည့် စကားကြောင့် တေးသောက်သလို နှာခေါင်းပိတ်ပြီး သောက်လိုက်ရသည်။
...........

My Boyfriend is a traffic policeWhere stories live. Discover now