part(9)

34K 4.6K 279
                                    

ပိုင်ဇေမနက်အိပ်ယာနိုးလာတော့ သူ့ဘေးတွင် ဘယ်သူမှရှိမနေ...စနေနေ့ပိတ်ရက်မို့ မျက်လုံးပြန်မှိတ်ပြီးမှိန်းလိုက်သည်။ပြီးမှ အယောင်ယောင်အကန်းကန်းမျက်လုံးဖွင့်ပြီး ဖုန်းထဲကနေနာရီကိုကြည့်လိုက်သည်။
Oh!!shit!!10 နာရီတောင်ခွဲသွားပြီလား...အိပ်ယာထဲက ကုန်းထလိုက်တော့ ခြေထောက်က စောင်နဲ့ရစ်မိပြီး ဝမ်းလျားထိုး အောက်ကို တွဲလွဲကျသွားသည်။
အင်း...ချီးပဲနော်!!!
ရေချိုးခန်းထဲဝင်ပြီး ရေကိုအလျင်အမြန်လောင်းချိုးလိုက်သည်။ဒီနေ့ ဟိုနှစ်ကောင်နဲ့ ပိတောက်ကတဲ့ဂီတ သွားကြည့်ကြမယ်လို့ ပြောထားတာ!!၁၂:၃၀ ပွဲဆိုပင်မယ့် ၁၂လောက်ရောက်မှ...အဖြစ်ကမနှစ်ကနဲ့မတူတော့ဘူး...စောက်လုပ်မရှိ စောက်ကိုင်မရှိဆိုတော့ အရင်လို ပြိုင်ကားကိုတလူလူ လွင့်ပြီးသွားလို့မရ။ပြောသာပြောရတယ်...အရင်ကလည်း အလုပ်မရှိပါဘူး...အလုပ်မရှိဘူးဆိုပင်မဲ့ အဖေရှိတယ်လေ။အဖေရှိရင်ပိုက်ဆံရှိတယ်...အဲ့လိုပြောတော့လည်း အခုက အဖေမရှိတာတော့မဟုတ်ဘူး...အဖေက ရှိတယ်... အဓိကကတော့ စောက်ဆံမရှိတာပါပဲ!!လခွမ်း!!

ရေချိုး အဝတ်စားလဲပြီး ထွက်လာတော့ ၁၁:၁၅ ရှိနေပြီ။အိမ်ထဲက မထွက် ခင် ထမင်းစားပွဲတွင် အုပ်စောင်း ပေါ်က စာရွက်ဝါလေးကို တွေ့လိုက်တာကြောင့် စိတ်ဝင်တစားသွားကြည့်လိုက်သည်။
အုပ်စောင်းတွင်ကပ်ထားသော စာရွက်ကို ဖြုတ်ကြည့်လိုက်တော့ လေ့ထောင့်ဆန်ဆန်လက်ရေးခပ်သော့သော့ ကိုတွေ့လိုက်ရသည်။

<ဂျူ တီ ရှိလို့ကြိုသွားနှင့်ပြီ ကျောင်းပိတ်ရက်မို့ မနိုးခဲ့တော့ဘူး မနက်စာပြင်ထားပေးတယ် ကော်ဖီကိုပြန်နွေးနော်  ကောင်းကောင်းစားပါ>

ပိုင်ဇေ စာကို ဖတ်ပြီး ခဏ မျှကြောင်သွားသည်။
ဒီလူကြီးက ဘယ်လိုကြီးလဲ...သူ့အိမ်မှာလဲ အလကားတက်နေတဲ့သူကိုစားဖွယ်အစုံအလင်နဲ့...စိတ်ထားပဲအရမ်းကောင်းလွန်းနေတာလား...ပိုင်ဇေ့စိတ်ထဲမှာတော့ ကျေနပ်မှုနဲ့အတူ နွေးထွေးမှု တခုကိုရလိုက်သည်။ဒီလူကြီးက တကယ်ချစ်စရာကောင်းတာပဲ!!ပိုင်ဇေသည် တွေးမိတွေးရာ တွေးပြီးမှ ကြက်သီးဖြန်းဖြန်းထသွားသည်။
ချီး!! ဘာတွေတွေးနေတာလဲ..

My Boyfriend is a traffic policeWhere stories live. Discover now