part(52)

27.5K 3.1K 277
                                    

"ခွန်းသ မိမွန်ကိုကြိုက်နေတာကို ကိုသြရသိတယ်ပေါ့! မွှေးလိုက်တာ.."

သူ့ရဲ့ အဖြူရောင် ယူနီဖောင်းကို ချိတ်ဖြင့် ချိတ်နေရင်း အနံကို ရှူ ကြည့်နေသည့်ကောင်လေးသည် မေးခွန်းမေးရင်း ပါးစပ်က ရောက်တတ်ရာရာပြောတတ်၏။
သြရ ချက်ချင်းပြန်မဖြေမိပဲ ကောင်လေးကိုသဘောတကျကြည့်နေမိတာမို့ ကောင်လေးက သူ့ဘက်လှည့်လာလေသည်။

"ဟုတ်တယ် ပိုင်..ကိုယ်မတော်တဆသိသွားတာပါ!"

"ကြည့်စမ်း! ဘာလို့ကျွန်တော့်ကိုမပြော ပြတာလဲ..ပြော!"

အနီးနား လျှောက်လာတဲ့ ကောင်လေးရဲ့ လက်ကို ဆွဲယူပြီး ပိုပြီး နီးကပ်စလိုက်သည်။ရေချိုးထားဟန် ရှိသည့် ပိုင်ဇေ့ကိုယ်နားက ကလေးအနံ့ဖြစ်သည့် ဘေဘီမိုင်းနံ့လေးရနေသည်။

"ကိုယ် တကူးတက ပြောစရာမလိုတဲ့ဟာလို့ထင်လို့လေ"

ပိုင်ဇေ လည်း ထပ်ငြင်းမနေတော့ပါ။ သူတောင် သြရကို လျှို့ဝှက်ထားမိပြီး အခုမှမနေနိုင်လို့ ထပြောပြလိုက်ခြင်းပင်။အခြေအနေက ခွန်းသနဲ့မိမွန်က အရင်လို မဟုတ်ပဲ နည်းနည်း ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြသည်။ဥပမာ ခွန်းသက မိမွန်ကိုစာမေးချင်ရင် ပိုင်ဇေ့ကိုအရင်လာမေးတာမျိုး..မိမွန်ကလည်း ခွန်းသကို တိုက်ရိုက်မရှင်းပဲ သူ့ကို ရှင်းပြ.. သူကတဆင့်ခွန်းသကို ရှင်းပြ...သေချာပါတယ်.. ဒီfist sem မှာတော့အမှတ်ကောင်းပြီပဲ...ဒီရှောင်လွဲနေကြတဲ့ကိစ္စကိုတော့ စာမေးပွဲပြီးလျှင် ရှင်းမှရမည်။ မဟုတ်လျှင် သူငယ်ချင်းနှစ်ယောက်ကြားတွင် သူရူးသွားလိမ့်မယ်!ပိုင်ဇေတို့က မနက်ခင်းပိုင်းစာမေးပွဲဖြေရတာမို့ ညနေခင်းထိ စာထိုင်လုပ်ပြီးသွားပြီဖြစ်သည်။ထို့ကြောင့် ညဘက်ဆိုသာသာယာယာပင်..နဂိုကလည်း စာသိပ်လုပ်တဲ့ထဲမပါတာမို့..

"ဟေ့.."

သြရက ပိုင်ဇေ့ပါးလေးကို ဆွဲလိုက်မှ အနှီကောင်လေးက မျက်နှာမော့လာကာ အူလည်လည် မျက်နှာပေးဖြင့်..သြရက စာရပြီလားလို့မေးနေပင်မယ့်ပိုင်ဇေက ကိုယ့်အတွေးနဲ့ကိုယ်မို့မကြား..

"ဟင်..ဘာကြီးလဲ.."

"ကိုယ့်ရင်ခွင်ထဲနေပြီး ဘယ်သူ့ဆီစိတ်ရောက်နေတာလဲ.."

My Boyfriend is a traffic policeWhere stories live. Discover now