လွန်ခဲ့တဲ့ 6 နှစ်က သေဆုံးမှုသည် လွန်စွာ ရိုးရှင်းလှသည်။stomach cancer stage 4 တဲ့။အဲ့သည့်ခေါင်းစဉ်အောက်မှာ သဂြိုလ်ခံလိုက်ရတဲ့ သူက ဒေါ်ပိုင်နန်း။
ပိုင်နန်းက ဆေးရုံကို ရန်ကုန်မှာ မတက်ပဲ တကူးတက ပြင်ဦးလွင်မွေးရပ်ဆီကိုပြန်ခဲ့တာ။ဘာလို့လဲ ဆိုတာသူမပင်သိလိမ့်မည်။
ဆေးရုံတက်ပြီးတလအတွင်းမှာ သေဆုံးသွားခဲ့တာက အစာအိမ် cancer ကြောင့်လား? ဒါမှမဟုတ် တစ်ခုခုပဲလား?အနည်းဆုံးတော့ သူမက တနှစ်လောက် တောင့်ခံနိုင်သင့်တယ်မလား။ဆေးမှတ်တမ်းတွေ ပျောက်ဆုံးနေခဲ့တာကကော သမာရိုးကျဖြစ်စဉ်လား...သူ့ရဲ့အဖေအရင်းကလည်း ထိုအချိန်ကပြင်ဦးလွင်တွင်ရှိနေခဲ့သည်တဲ့။ခန့်မောင်ရဲ့အလောင်းကိုလည်း မန္တလေးသွားတဲ့လမ်း ဘေး ချောက်ထဲတွင် တွေ့ရှိခဲ့လေသည်။သဂြိုလ်ခြင်းအစအဆုံးကိုတော့ မင်းသခင်ကပဲ ဦးဆောင်ပေးခဲ့ရသည်။အလောင်းက ပုတ်တောင်ပုတ်နေပြီးမျက်နှာပင်သိပ်မပေါ်ချင်တော့...
ရဲတွေကတော့ ခပ်လွယ်လွယ်ပဲလိုက်မှာမို့ J naw ကိုသာအကူညီထပ်တောင်းထားရသည်၊ နောက်ထပ် ဖြစ်စဉ်တစ်ခုကကော...
J naw ဆီက သတင်းတွေကြောင့် မင်းသခင် အားလုံးကို ဆက်စပ်စဉ်းစားခဲ့ရာ ညတိုင်း အိပ်စက်ခြင်းကင်းလွတ်ခဲ့ပြီး ဆေးလိပ်ဖင်စီခံတွေက တရိပ်ရိပ်များပြားလာသည်။တမင်သပ်သပ်ကို နေ့လည်ခင်းပိုင်းရွေးလာခဲ့သည်။
အလုပ်သမားတွေ တန်းလျား ခဏပြန်နားတဲ့အချိန်
ကိုပေါ့...ဆင်ဝင်အောက်ကို ကားရပ်ပြီး မင်းသခင် အိမ်ထဲတန်းဝင်လာသည်။မျက်ကွင်းတွေကခပ်ညိုညို.. ဆေးလိပ်ကို ပါးစပ်ကမချတော့တာကြောင့်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကလည်း ထိုနည်းတူစွာ..
ပါးရိုးတွေကလည်း ချောင်ကျနေသလိုမျိုး..."ဟယ်..သား.. မလာတာကြာပြီကော.."
ကြီးမြကတော့ သူ့ကို လှိုက်လှဲစွာကြိုဆိုပင်မယ့် မင်းသခင်ကတော့ ဖက်လှဲတငင်ပင်မလုပ်နိုင်ပေ...
အေးစက်စက်အပြုံးတစ်ခုနှင့်သာတုန့်ပြန်လိုက်ပြီး
"အမေအပေါ်မှာရှိလား..""ရှိတယ်သား.. သူ့အခန်းထဲမှာထင်တယ်.."
"ဟုတ်ကဲ့.."
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...