part(55)

28.4K 3.2K 37
                                    

ရုံးခန်း ကျဉ်းကျဉ်းလေးထဲတွင် ဝန်းထမ်းအနည်းငယ်နဲ့အလုပ်ရှုပ်နေသူမှာ မင်းသခင်...
ကိစ္စတွေအများကြီးဖြစ်ပျက်သွားပြီးနောက် သူအလုပ်ကနေပါထွက်လိုက်ကာ အသေးစား ခရီးသွားလုပ်ငန်းလေးကို ထောင်လိုက်သည်။အရမ်းအောင်မြင်မှုမရှိသေးပင်မယ့် သူ့ဟာနဲ့သူလည်ပတ်နေလေသည်။

"သခင် ကျွန်တော်လာတယ်.."

ရှိုင်းသူက ရုံးခန်းငယ်လေးထဲဝင်လာသည်။ဝယ်လာတဲ့ မုန့်အချို့ကို ဝန်းထမ်းတွေကိုဝေပေးလိုက်သည်။
ရှိုင်းသူရဲ့မိဘတွေက မင်းသခင်ရဲ့ မိသားစုကိစ္စကြောင့် ရှိုင်းသူကိုလမ်းခွဲရန် အတင်းဖိအားပေးခဲ့ပင်မယ့် ရှိုင်းသူကတော့ ခပ်ပြတ်ပြတ်ပင် အိမ်ပေါ်ကနေတောင်ဆင်းပြီး မင်းသခင်ဆီသို့ကောက်ကောက်ပါအောင် လိုက်သွားလေသည်။ဘယ်မိဘကကော သားသမီးကို အချိန်အကြားကြီးလျစ်လျူ ရှုနိုင်လို့ လဲ..
တဦးတည်းသော သားတယောက်ဆိုတော့..

"ကဲသွားရအောင်လေ.."

ဝန်းထမ်းတွေနဲ့ လေဖောနေသော ရှိုင်းသူကို လက်လှမ်းဆွဲလိုက်သည်။

"မင်းတို့လည်း လက်စသတ်စရာရှိတာသတ် ပြီးရင် ပြန်တော့နော်.."

"ဟုတ်ကဲ့ ဆရာ."

ခုမှ စပြီး run တဲ့ လုပ်ငန်းလေးမို့ ဝန်းထမ်းတွေကလည်း ကိုယ်ထူကိုယ်ထနားလည်မှုနှင့် လုပ်ကူကြသည်။

"သွားပြီ တာ့တာ.."

ရှိုင်းသူ ဝန်ထမ်းတွေကို တာ့တာပြပြီး သခင်ခေါ်ရနောက်ကိုလိုက်ရတော့သည်။

အဆောက်အအုံ က သစ်လွင်မှုမရှိ! သာမာန်လူအတွက်တော့ဒီနေရာက မူမမှန်သည့်နေရာတစ်ခု...အသိစိတ် ကင်းလွတ်နေတဲ့သူတွေကို ထားရှိနေရာ...
အခန်းတစ်ခုရဲ့ရှေ့ကို ရောက်တော့ ရှိုင်းသူ မင်းသခင်ကို ပြုံးပြခေါင်းငြိမ့်ပြီး အခန်းထဲသို့ဝင်သွားသည်။
မင်းသခင်ကတော့ အပြင်ကနေသာ အခန်းထဲကို ကြည့်နေရသည်။

သူ့ရဲ့အမေကို မုန့်တွေဘာတွေသွားပို့သည့်အခါကြရင် မင်းသခင်ကိုယ်တိုင် ဝင်တွေ့ လို့မရ...မင်းသခင်ကိုတွေ့သည်နှင့် ဒေါ်မျိုးမျိုးခင်က အမြဲ သွေးရူးသွေးတန်းဖြစ်ကာ အော်ငိုလေ့ရှိသည်။

My Boyfriend is a traffic policeWhere stories live. Discover now