part(l0)

35K 4.1K 388
                                    

ရုပ်ရှင်ပြီးသွားသည်နှင့် ရုံပေါက်ဝကနေ တဖွဲဖွဲ ထွက်ကြတော့သည်။ အချိန်ကား သုံးနာရီခွဲ လောက်ရှိသေးသည်။ ပိုင်ဇေနဲ့သြရမောင်က နောက်ဆုံးမှ ထွက်
လာရသည်။ သြရမောင်သည် သူ့ရဲ့ရှည်လျားတဲ့အရပ်နဲ့ မော်တော်ပီကယ်ဝတ်စုံ ကြောင့် အများကြားမှာ ထင်းနေပြီး လူအများရဲ့ အာရုံစိုက်ခြင်းကိုခံနေရသည်။ဒါကြောင့် သူ့ဘေးတွင် ပုပု (ပုပု)နှင့်ပါလာသော ပိုင်ဇေသည်လည်း လုံးဝကို attention ပေးခြင်းကိုခံနေရသည်။
မိမွန်ကို တွေ့ရင် မျက်လုံးကိုနှိုက် ခေါင်းကို ခေါက်လိုင်ရမလား...

ဟောတွေ့ပါပြီ သူ့ကိုပြုံးပြီး ကြည့်နေသော မိမွန်နှင့် မအီမသာ ရုပ်ဖြစ်နေတဲ့ ခွန်းသ... သေချာပါတယ် ခွန်းသတော့ ရုပ်ရှင်ကြည့်နေတဲ့ တလျှောက်လုံး အရစ်ခံလာရပြီ....အထစ်ထစ် ခုတ်ပိုင်းချင်သော်လည်း ဘေးက ကိုသြရကြောင့် စိတ်ကိုထိန်းလိုက်သည်။
မိမွန်က စီးကြို ပြီး မေးလာသည်။
"ကိုသြရတို့အဆင်မှပြေရဲ့လား...ညီမရဲ့သူငယ်ချင်းတစ်ယောက်က သူတို့အတွဲမကြည့်ဖြစ်ဘူးဆိုတာနဲ့ သူ့ဆီကနေယူလိုက်လို့"

လိမ်ဆင်တွေ လိမ်ဆင်တွေ...ခုချိန် လိမ်တဲ့လူ ငရဲကျဆိုရင် မိမွန်က မြေပါမျိုပြီး အတောင့်လိုက်ဆီပူအိုးထဲကျသွားမှာ!!
အဖြစ်မှန်ကို သိနေတဲ့ ကျန်နှစ်ယောက်က မဲ့ရွဲ့နေပင်မဲ့ အပြစ်ကင်းစင် ကိုလူသား သြရမောင်ကတော့ ချိုချိုချိုသာသာပြန်ဖြေသည်။
" အဆင်ပြေပါတယ်..အတွဲခုံဆိုပင်မဲ့ကျယ်သားပဲ...
ပိုင်ဇေ့ကိုယ်ကလည်း သေးလို့ဖြစ်မယ် ဇာတ်ကားကလည်းမဆိုးပါဘူး.."

"ဟုတ်တယ်နော် ရိုလိုက်တာ... စိုင်းစိုင်းလို ကောင်လေးမျိုး လိုချင်လိုက်တာ... ဟုတ်တယ်မလား ပိုင်ဇေ..."

ပိုင်ဇေသည်အံကြိတ်ပြီး အသံခပ်အုပ်အုပ်ဖြင့် မိမွန်ကိုဟန့် လိုက်သည်။
"နင် ဒီနေ့ တော်တော်စကားများနေတယ်.."

မိမွန်ကအရေထူနေတဲ့ ဆင်မကြီးလိုပင် ပိုင်ဇေ့ကို မျက်စောင်းလှမ်းထိုးပြီး စကားဆက်များသည်။
"ကိုသြရ ... ညီမတို့နဲ့အတူ hot pot လိုက်စားပါလား..."

"မဟုတ်တာ...နေပါနေပါ...ဒီတခေါက်တော့တကယ်မရှုပ်တော့ဘူး.."

ပိုင်ဇေသည် ဂြိုလ်ကြွနေသော မိမွန်ကို တုတ်နဲ့ထိုးဖို့ကြံစည်လိုက်ကာ သြရဘက်သို့လှည့်ပြောလိုက်သည်။
"လိုက်ခဲ့ပါ ကိုသြရရယ်... ဒီနေ့ မိမွန်က မနေ့ကချဲပေါက်ထားလို့ သူ ဒကာခံမှာတဲ့..."
ပိုင်ဇေသည် ပြောပြီး မိမွန်ကို မျက်ခုံးပင့်ပြလိုက်သည်။သြရကတော့ တအံ့တသြနှင့်
"ဟောဗျာ... ချဲထိုးတာလား..ဟဟ."

My Boyfriend is a traffic policeWhere stories live. Discover now