part(28)

29.8K 4.2K 243
                                    

Toyota soarer ပြိုင်ကားပြာလေးသည် ဖုန်တလူးလူးနဲ့ ကားပါကင်ထဲတွင်ပိတ်မိနေရာမှ နောက်ဆုံးတော့လွတ်မြောက်လာခဲ့သည်။သူ့ကို လာကယ်တဲ့သူကဆော့ သူ့သခင် ပိုင်ဇေမင်းထက် ကလွဲ၍ဘယ်သူရှိနိုင်အုန်းမလဲကွယ်...ကားအမိုးလေးကိုဖွင့်ကာ မောင်းသူနေရာကတော့ သူ့သခင် ဘေးက ခွန်းသနှင့် အနောက်ထိုင်ခုံတွင် မိမွန်ကတော့ ပက်လက်အိပ်လျက်လိုက်ပါလာသည်။

မိမွန်တို့ မိသားစုသည် ပွင့်ပွင့်လင်းလင်း ရှိကာ ခေတ်နှင့်အညီနေတဲ့မိသားစု ဖြစ်တာကတစ်ကြောင်းပိုင်ဇေတို့နှင့်ခင်လာသည်မှာကြာနေပြီက တစ်ကြောင်းကြောင့် သူတို့သမီးဂျမ်းထောမကို အသာတကြည် ခရီးသို့လိုက်ခွင့်ပေးလေသည်။ပိုပြီး လိုက်ခွင့်ပေးသည့်အကြောင်းကား တစ်ချက်ရှိပါသေးသည်။ဤသည်မှာ သူမတစ်အိမ်လုံးကို ပတ်၍ ပိုင်ဇေ့အား ယောင်္ကျားပေးစားသည့်အကြောင်းခဏခဏပြောလွန်း၍ပင်... မိမွန်၏အဖေသည်ပင် တခါတလေ ခွန်းသနှင့်ပိုင်ဇေ့ကို တွဲတွေ့လျှင် 'လိုက်သားပဲနော်' ဟုပြောလေ့ရှိသည်။ဒီ ဖအေက မွေးတော့ ဒီသမီးပေါ့...သိပ်မထူးပါဘူး...

ကားမောင်းနေရင်းနဲ့ပိုင်ဇေသည် ထူးဆန်းစွာ ခါးပတ်ပတ်ထားသည်။ပိုးပန်းနေတဲ့သူက မော်တော်ပီကယ်ဆိုတော့ သူ့အကြိုက်အလိုက်ဆောင်ရတာပေါ့လေ...

"ခွန်းသ ဘာသတင်းရလဲ?"

ပိုင်ဇေ့ရဲ့ အမေးကြောင့် ခွန်းသသည် ဖုန်းကြည့်နေရာက လှမ်းဖြေသည်။
"ငါ့အမေကတော့ သူလည်းမသိဘူးတဲ့..."

ပိုင်ဇေသည် ကျွတ်စ်ကနဲစုတ်သတ်လိုက်ကာ
"မင်တို့ကလည်း အမျိုးတော်လို့သာပဲ...ဘာမှလဲမသိဘူး.."

နောက်ခန်းကအိပ်နေတဲ့ တစ်ယောက်ကပါ ပိုင်ဇေ့ဘက်က ကူဟောက်သည်။
"အေးလေ..နင်ကိုက အ တာ.."

နှစ်ယောက်လုံး၏နှက်ခြင်းကို ခံရတာကြောင့် ခွန်းသက ရှုံ့မဲ့သွားသည်။
"ဟို ချီးထုပ်မ အိပ်မှာဖြင့်အိပ်စမ်း...နေပါအုန်း ပိုင်ဇေ..မင်းဟာကြီးက မလွန်ဘူးလား..."

"ငါဟာကြီးက ဘာတုန်း!"

"မဟုတ်ဘူးလေ...ပြင်ဦးလွင်ထိလိုက်သွားရင်ကောင်းပါ့မလားကွ... သူ့မှာ ဘာကိစ္စရှိနေမှန်းလဲ မသိပဲနဲ့..."

My Boyfriend is a traffic policeWhere stories live. Discover now