"ဆရာ...ဒီမှာ လက်မှတ်ထိုးရမှာပါ!မှားနေလို့!"
အတွင်းရေးမှူးဖြစ်သူ က လက်ထောက်ဒါရိုက်တာ မင်းသခင်ကိုမဝံ့ မရဲပြောပြလိုက်သည်။အမြဲ အလုပ်လုပ်လျှင်တိကျတတ်သော မင်းသခင်က ဒီနေ့မှ အယောင်ယောင်အမှားမှားဖြစ်ကာ လွဲချော်နေပြီး မျက်နှာကလည်း နဂိုထက်ပိုပြီးတင်းမှာနေသည်။
"Sorry!"
မင်းသခင်သည် တခွန်းထဲပြန်ပြောပြီး လက်မှတ်ကိုပြန်ပြင်ပေးလိုက်ကာ file ကိုပြန်ပေးရင်း မေးလိုက်သည်။"သွင်းကုန်တွေကို စစ်လို့ ပြီးပြီလား!"
"ဟုတ်ကဲ့ စောနလေးတင်ကပဲ ပြီးသွားပါတယ်..."
"ဒီနေ့ထုတ်ထားတဲ့အရေအတွက်ကိုကော စစ်ပြီးပြီလား.."
"ရှင်..ဟို!မပြီးသေးပါဘူး..လုပ်နေတုန်းပါ.."
"ကျစ်...ဘာလို့အဲ့လောက်ကြာနေတာလဲ...overtime ဆင်းချင်လို့လား..သူတို့တွေက"
အေးစက်စက် အသံကြောင့်အတွင်းရေးမှူးလေးသည်မျက်စိမျက်နှာပျက်သွားကာတောင်းပန်တိုးရှိုလိုက်သည်။
"ရုံးဆင်းချိန်မတိုင် ခင်အပြီးသတ်ခိုင်းလိုက်ပါ့မယ်.."
မင်းသခင်သည် နှာတချက်မှုတ်လိုက်ပြီး စိတ်မရှည်သလိုကြည့်ကာ ခုံကနေထရပ်လိုက်ကာ
"CEO မေးရင် နေမကောင်းလို့ စောစောပြန်သွားတယ်ပြောလိုက်... ညကြရင် ငါ့ဆီကို mail ရောက်နေတာမြင်ချင်တယ်""ဟုတ်ကဲ့.."
မင်းသခင်ထွက်လာသည်နှင့်အပြင်က ရုံးထိုင်သမားတွေလည်း အသက်ပင်မရှူ ရဲ... ကုတ်ကုတ် "" နှင့် အလုပ်ကိုသာ ကုန်းလုပ်နေကြသည်။အရင်က ဆိုလျှင် ဒီနေ့ ထုတ်တဲ့အရေအတွက်ကို မနက်ဖန်မှ တင်ပြနေကြဖြစ်ပြီး ယခုမူ လက်ထောက်ဒါရိုက်တာရဲ့ အလိုမကျမှု သည် သူ့တို့အပေါ်ကို ပုံကျလာပုံပေါ်သည်။အတွင်းရေးမှူးသည် ဖိုင်ကိုသူ့ စားပွဲခုံတွင်ချလိုက်ကာ ရုံးအတွင်းရှိ လူများကြားအောင် ပြောလိုက်လေသည်။
"ဒီနေ့ ထုတ်ကုန်တွေစာရင်းကို ညမတိုင်ခင်အကုန်လိုချင်ပါတယ်တဲ့!!အာရုံစိုက်ကြတော့ဟေ့"
သူမစကားဆုံးသည်နှင့် ရုံးအတွင်း 'ဟာ'ခနဲ 'ဟင်'ခနဲဖြစ်သွားကြကာ စိတ်ပျက်လက်ပျက်အမူအရာတွေနဲ့ ရှုံ့တွ ကုန်ကြလေသည်။ဒီနေ့တော့အပြန်နောက်ကျတော့မည်။
![](https://img.wattpad.com/cover/221029065-288-k69488.jpg)
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...