part(33)

31.2K 3.7K 208
                                    

ရှိုင်းသူသည် ကား စတီယာတိုင်ကို ကိုင်ထားကာ သူ့ကားရှိရာသို့လာမည့် သခင့်ကိုစောင့်နေသည်။
အဆက်သွယ်ပြတ်သွားတာ တပတ်ကျော်နေပြီ...ဒါကလည်းသခင် တရုတ်ကို ခဏသွားတာသိလို့ တမင် ရှောင်ပေးခဲ့တာ။အခုတော့ ဒါသူ့အချိန်ပဲ...

သခင်က သူ့ကို တကယ်မချစ်တာ သူမသိရိုးလား...မသိချင်ယောင်ဆောင်နေခဲ့တာပဲ ရှိသည်။
ရမက်ဆန်ဆန် ညည်းတတ်တဲ့အချိန်မှာ "ညီ'' လို့ထုတ်ဖော်ကတည်းက ထို'ညီ'က ဘယ်သူ့ကို ရည်ရွယ်လည်း သူသိသည်။ပထွေးရဲ့သား... ZYP group ရဲ့သားအရင်း ပိုင်ဇေမင်းထက် ကိုပေါ့...သခင်က သူနဲ့ဘာကွာလို့လဲ... သူ့ကို စိတ်ထဲမရှိတဲ့လူကို တမ်းတနေတာပဲ...

ဇာတ်ကားတွေထဲကလို မစားရတဲ့အမဲ သဲ နဲ့ပတ်ဖို့လည်းစိတ်ကူး မရှိ...သူက လူယုတ်မာမှမဟုတ်တာ...ဇာတ်ကားတွေထဲက လို ငါ့ကိုပြန်မချစ်ရင် သူချစ်တဲ့သူကို ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ အတွေးလည်း မတွေးပါ... သူ့ဟာသူ တခြားတယောက်ကိုကြိုက်တာ သူ့အပိုင်း! ကိုယ့်ကို ချစ်လာအောင်လုပ်ရမှာ ကိုယ့်အပိုင်း..

အတွေး ပေါင်းစုံ တွေးပြီးတဲ့နောက်မှာတော့ တံခါးဖွင့်သံနဲ့အတူ ကားထဲသို့ မင်းသခင်ဝင်လာသည်။
သိသားပဲ...သခင်က အဲ့လောက်အကြောမမာပါဘူး...

"မင်းက ဒီကို လာရဲ သေးတယ်ပေါ့??"

ဒေါသ ထွက်နေတဲ့အသံက ရှိုင်းသူအတွက်တော့ ကျီစားချင်စရာ... အခုလေးတင်ရေချိုးထားသည့်ပုံပေါ်သည့် သခင့်ဆီက ရှန်ပူနံ့က သင်းသင်း...
ရှိုင်းသူသည် စက်ကို နိုးကာ ပုခုံးလေး တွန့်ကာ ပြန်ဖြေလိုက်သည်။
"Why not!!?"

"ဘာလို့ကားစက်နိုးနေတာလဲ?မင်း နောက်ကို ငါလိုက်ဖို့ အစီစဉ်မရှိဘူး..."

"သခင်ရယ်... သိပ်ပြီး စိမ်းကားမနေပါနဲ့...သခင်စားချင်တာပဲကျွေးမှာပါ..."

မျက်ခုံးလေးပင့်ကာ ဘာအဓိပ္ပာယ်ဖော်ဆောင်မှန်းမသိတဲ့ မျက်ဝန်းတွေကြောင့် မင်းသခင် ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။

"မင်း ဘာစကားပြောတာလဲ.."

"အိုးဟို... Steak ကိုပြောတာလေ... သခင်က pork steak ကြိုက်တယ်မလား...မဟုတ်မှလွဲရော နှာဘူး အတွေးတွေများတွေးနေသလား သခင်..."

My Boyfriend is a traffic policeWhere stories live. Discover now