Chapter 1

42.3K 2K 79
                                    

[Unicode]"နင်က ငါ့ကိုရှန်းဂျင်ရဲ့ပုံကို ရိုက်ပေးစေချင်တယ်???
အိပ်မက်ဆက်မက်နေလိုက်! " ရဲ့ကျိုးသည် ညှိနှုင်းခွင့်မပေးဘဲ ပြတ်သားစွာဆုံးဖြတ်လိုက်ပြီး ခုံကို ရိုက်ချလိုက်သည်။

"နင် သေချာလား?" စုရင်သည် သူမ၏ဖုန်းကို ဖွင့်လိုက်ပြီး အသာအယာလှုပ်နေလိုက်သည်။cameraကိုရှက်ရွံ့စွာပြုံးပြနေသော ချောမောသည့်ကျောင်းသားလေးတစ်ယောက်က ဖုန်းမျက်နှာပြင်ပေါ်တွင်နေရာယူထားသည်။ "ငါ့မှာ ဒီလိုပုံတွေအများကြီးရှိသေးတယ်"

ရဲ့ကျိုးသည် စုရင်၏ဖုန်းအား ကြည့်ရန် ငြင်းဆန်ရင်း
သူ့နှလုံးသားထဲရှိသူအား မကြည့်မိရန် တင်းခံပြီး ပြောလိုက်သည် "မလုပ်ဘူး! "

စုရင်ကပြောလိုက်သည်"ထန်သုံရဲ့ပုံတစ်ပုံအတွက်ရှန်းဂျင်ရဲ့ပုံတစ်ပုံ".
သူမကဆွဲဆောင်တဲ့အနေနဲ့"စကားမစပ် ထန်သုံကြိုက်တဲ့အရာတွေကိုလည်း ငါနင့်ကိုပေးနိုင်တယ်နော်။နင်သိပါတယ် ငါကသူ့ရဲ့ငယ်သူငယ်ချင်းဆိုတာ။ သူနဲ့ပက်သက်တာမှန်သမျှ ငါအကုန်သိတယ်"

ဤအချက်က ရဲ့ကျိုးအား ဘက်ယိုင်စေခဲ့သည်။ စုရင်၏ဆွဲဆောင်ချက်က အမှန်ကယ်ကိုကြီးမားလွန်းခဲ့သည်။
ရဲ့ကျိုးသည် ထန်သုံအား ကြိတ်ချစ်နေခဲ့သည်မှာ လပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူမှာ ဤကျောင်းမှ ကျောင်းသားမဟုတ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးရန်အခွင့်အရေးမရခဲ့ပေ။
ဒါပေမယ့် ရှန်းဂျင်... သူတကယ်ကိုရှန်းဂျင်ကိုမုန်းသည်! ရှန်းဂျင်ဆိုသည်မှာ သူ့ထက်အရာအားလုံးသာနေသည့်သူ! စိတ်တိုစရာအကောင်းဆုံးက သူတို့သည် အတန်းဖော်များဖြစ်နေခြင်းဖြစ်သည်။ ထိုအရာကရဲ့ကျိုးအားအတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေသည်။

“ရှန်းဂျင်ကဘာတွေများကောင်းနေလို့လဲ?”
ရဲ့ကျိုးသည်အံကြိတ်ရင်း မေးလိုက်သည်။

စုရင်သည် သူ၏မေးခွန်းကအဓိပ္ပာယ်မရှိသကဲ့သို့
သူ့အားတအံ့တသြကြည့်လိုက်သည်။“ရှန်းဂျင်မှာမကောင်းတဲ့အရာရှိလို့လား? သူကအမြဲတမ်းအတန်းထဲမှာပထမပဲ ပြိုင်ပွဲတိုင်းမှာလည်း သူကချန်ပီယံပဲ ပြီးတော့အရေးအကြီးဆုံးက သူကချောမောတာပဲ! ဒီကမ္ဘာကြီးမှာ သူကရှားပါးပြီးအဖိုးတန်တဲ့တည်ရှိမှုတစ်ခုပဲ။နင်သိပါတယ် ငါသူ့နားလေးကိုရောက်တဲ့အချိန်တိုင်း သူဖြတ်သွားတာကိုပဲခိုးကြည့်ရဲတာ။သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေထဲ စုပ်ယူခံရမှာစိုးလို့လေ။မဟုတ်ဘူး မကောင်းဘူး! ငါစကားကိုမပြောနိုင်တာ သူ့ဆီကစကားတစ်ခွန်းနဲ့တင် ငါ့နှလုံးသားကခုန်ပီးနေပြီ။ အဲ့ဒီ နတ်ဘုရားလေးကမြန်မြန်ကောင်မလေးရသင့်နေပြီ! မဟုတ်ရင် ဒီနတ်သားလေးကြောင့် ငါရည်းစားရမှာမဟုတ်တော့ဘူး"သူမသည် ရှန်းဂျင်နှင့်သူ၏ရည်းစားကောင်မလေးတို့၏ပုံရိပ်အချို့ကိုတွေးလိုက်ပြီး ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး ရှန်းဂျင်ကSingleဖြစ်နေတုန်းပဲ။ဘယ်လိုမိန်းကလေးက သူနဲ့လိုက်ဖက်နိုင်မလဲဆိုတာကို ငါစဥ်းစားလို့မရဘူး။အာ အာ အာ အာ သူ့ရဲ့အနာဂတ်မိန်းကလေးကို ငါအရမ်းမနာလိုဖြစ်တာပဲ!! "
“အဆင့်ကောင်းကောင်းရတာနဲ့လူကောင်းတစ်ယောက်ဖြစ်ဖို့က ရှန်းဂျင်တစ်ယောက်တည်းလုပ်နိုင်တာမဟုတ်ပါဘူး”
ရဲ့ကျိုးသည် ပြောနေရင်းဖြင့် စိတ်လှုပ်ရှားသောကြောင့်ဖြစ်လာသောကြက်သီးများကိုပွတ်သပ်လိုက်သည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now