နှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တဲ့လေ.. ကိုကို ကျွန်တော့်စီကို ချဉ်းကပ်ခဲ့တာကလည်း ဟောဒီ့ ကျွန်တော့် နှလုံးသားထဲမှာ ခုန်နေတဲ့ ကိုကို့ရဲ့ အချစ်ဦး မမသဒ္ဓါရဲ့ နှလုံးသားတစ်စုံကြောင့်တဲ့လေ... ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ..ကျွန်တော် အဆင်ပြေပါတယ်..ကိုကိုက ကျွန်တော့်ကို မုန်းနေရင်တောင်မှ ကျွန်တော့်နားမှာ ရှိနေတယ်လေ.. အင်း..တစ်နေ့တော့ အဲ့ အမုန်းတွေကနေ အချစ်တွေအဖြစ်ကို ပြောင်းပေးနိုင်မလား ကိုကိုရယ်
126 parts