Special Chapter (Black and Sky)

10.5K 1.3K 25
                                    


Zawgyi

Sky သူရဲ့မျက်ဝန်းများကို ဖြည်းညင်းစွာဖွင့်လိုက်သည့်ချိန်မှာ... မြပြာရောင်မျက်ဝန်းတောက်တောက်လေးတွေဟာ ခမ်းနားစွာပေါ်ထွက်လာတော့သည်၊ Sky သူရဲ့ကိုက်ခဲနေသည့်ခေါင်းကို လက်နဲ့ဖိလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်...ဒီနေရာကို သူမြင်ဖူးသလိုဘဲ ဘယ်မှာ... ခေါင်းထဲ အလုံးအရင်း ဝင်လာသည့် မှတ်ဥာဏ်များကြောင့် မျက်နှာဟာတဖြည်းဖြည်းမှောင်မဲလာတော့သည်၊

ဟုတ်သည် ထိုမှတ်ဥာဏ်များက သူမေ့မျောသွားတဲ့အချိန်မှာ ဝမ်ဝမ်ဟာ သူ့အရင်ဘဝကို သွားပြီး သူ အဖြစ်ချင်ဆုံး ဆန္ဒကိုဖြည့်ဆည်းပေးခဲ့သည်၊(Arc.5မှာ ပြန်ဖတ်လို့ရပါတယ်)

သူမှတ်ဥာဏ်တွေထဲမှာ စိတ်ပျက်စရာအကောင်းဆုံးဟာ ထိုဝမ်ဝမ်ဆိုတဲ့ သောက်အထန်ကောင်ဟာ သူ့ခန္ဓာကိုအားမနာ!! ရေကန်ဘေးမှာ ဒချိဒချိလုပ်ရဲတရ်!!! ငါကိုယ်တော်ရဲ့မြင့်မြတ်တဲ့ခန္ဓာကိုယ်တော်နဲ့! နိမ့်ကျတဲ့ရေကန်ဘေးမှာ လုပ်ရဲတယ်!

နေဦး အဓိကက ငါဘယ်လိုလုပ် ဒီကမ္ဘာရောက်နေရတာလဲ...

အတွေးများနဲ့ ပြာယာခတ်နေတုန်း သူရဲ့အိပ်ဆောင်ထဲ လူတစ်ယောက်ဝင်လာတော့သည်၊ ထိုလူဟာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူရဲ့ပခုံးအထက်တွင် နဂါးနက်တစ်ကောင်ကို သယ်ဆောင်လာပြီး ကုတင်အထက်တွင်စိတ်ရှုပ်စွာ ထိုင်နေသည့်သူလေးကိုမြင်တော့ သူရဲ့နူတ်ခမ်းပါးတစ်စုံဟာ ပြုံးယောင်သန်းသွားပြီး...

"အီသန်"လို့ ခပ်တိုးတိုးလေး ခေါ်လိုက်ပြီး သူ့ကိုမမြင်လောက်တဲ့အထိ ဗြာများနေသည့် သူရဲ့နတ်ဘုရားလေးကို လက်လေးကနေ အသာအယာဆွဲမလိုက်ပြီး သူရဲ့ရင်ခွင်ထဲကို ထည့်လိုက်သည်၊ထိုချိန်ကျမှ အတွေးနယ်ထဲကနေ ပြန်ထွက်လာသည့်ထင်တယ် အနည်းငယ်ရုန်းကန်ပြီး...

"သြမက်... ? Black??"လို့ သူကို တအံ့တမောမော့ကြည့်လာသည့် မြပြာရောင်မျက်ဝန်းတောက်တောက်လေးတွေဟာ ဒီကမ္ဘာက ဘယ်ရတနာမှ မမီအောင် လှပလွန်းသည်၊

"အင်း... ဘာတွေ စဉ်းစားနေတာလဲ"လို့ မေးလိုက်ရင်း ခါးသိမ်သိမ်လေးကနေ မယူလိုက်ပြီ ပွေ့ချီလိုက်တော့ လက်သွယ်သွယ်လေးတွေဟာ သူရဲ့လည်ပင်းကို အလန့်တကြားဖက်တွယ်လာတော့သည်၊ အနက်ရောင်နဂါးဟာလည်း အလိုက်သိစွာပင် အခန်းပြင်ဘက်ကို ပျံထွက်သွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now