Arc.7.3(နတ်ဆိုးဘုရင်အက်တာ)

15.8K 2K 27
                                    


Zawgyi

ဝိုး....အရမ်းချောတာပဲ၊ ဒါနတ်ဆိုးဘုရင်အက်တာဆိုတဲ့သူလား၊ဂိမ်းဇာတ်ကောင်တစ်ခုကို ဒီလိုလှအောင် လုပ်လို့ရတယ်ပေါ့???? အဲ့မှန်းသိ ငါအကုန်အကျခံခဲ့ပါတယ်၊!

"မင်းက တကယ် ငါ့ကို ရင်ခုန်အောင် လုပ်လိုက်တာပဲ..."
လို့ လန်ဒရီဟာ ပြောလိုက်သည်၊ လီနာရဲ့မျက်နှာဟာ ဆူပုပ်သွားကာ အက်တာကို စူးစူးစိုက်စိုက်နဲ့ကြည့်နေတော့သည်၊အက်တာက သူကို အဖက်ပင် မလုပ်ချေ၊

"လန်ဒရီ ပထမဆုံးအကြိမ် ဒီနေရာကို ရောက်တာဆိုတော့ မင်းငါ့ကို အနီအနားကိုလိုက်ပြချင်လား" အက်တာဟာ လန်ဒရီကို တိုက်ရိုက်တောင်းဆိုလိုက်သည်၊ အက်တာရဲ့ တောက်ပနေသော မျက်ဝန်းလေးကြောင့် ငြင်းမဲ့စကားလုံးများတွေ ပြန်မျိုချမိကာ

"ကောင်းပြီ ငါမင်းကို ဒီအနားပတ်ဝန်းကျင်လိုက်ပြပေးမယ်"
လီနာဟာ အက်တာကို စူးစိုက်ကြည့်ပြီး...

"ဒီချိန်က ငြိမ်းချမ်းနေတာမဟုတ်ဘူး လန်ဒရီ၊ ရှင် တခုခု ဖြစ်သွားမှာ ကျွန်မစိုးရိမ်တယ်" လီနာဟာ စိုးရိမ်တယ်သာပြောတာ သူအဓိပ္ပါယ်ဟာ အက်တာကိုစော်ကားနေသလိုပင်၊ နတ်ဆိုးအဖွဲ့ဟာ ဒေါသထွက်သွားကာ လီနာကိုစူးစူးစိုက်စိုက်ကြည့်နေပြီး အချို့ဆို လက်နက်တောင်ထုတ်နေပြီဖြစ်သည်၊ဒါ လီနာလိုချင်တဲ့ပုံစံဖြစ်သည်၊ နတ်ဆိုးအဖွဲ့ဟာ ဘုံရန်သူဖြစ်ရမယ်၊ဒါမှ သူမတို့ဘက်က ပိုရှင်သန်ခွင့်များမှာ....ဒါပေမယ့် ဘယ်သူထင်မလဲ

အက်တာဟာ လီနာကို တချက်ကြည့်ကာ လန်ဒရီကို ကြည့်ပြီး

"မင်းကို ငါက အန္တရာယ်ပေးနိုင်မယ်ထင်လား လန်ဒရီ"ပြုံးပြုံးလေးဖြင့် မေးလိုက်သည်၊ အက်တာရဲ့ ဖြူစင်တဲ့မျက်ဝန်းလေးရယ်အပြုံးလေးရယ် လန်ဒရီ နှလုံးသားဟာ အပြင်ကို ခုန်မတတ်ပေ၊သူဟာ ဂိမ်းထဲမှာမို့လို့ပေါ့....သူရဲ့ရုပ်ပိုင်းဆိုင်ရာကို ထိန်းချုပ်နိုင်သည်၊

"မထင်ဘူး"

အက်တာ လီနာကိုကြည့်လိုက်ကာ...
"ဒီမိန်းကလေးရဲ့အတွေးတွေကို ငါတကယ်နားမလည်ဘူး...."အက်တာ မျက်နှာလေးညိုးနွမ်းသွားပြီး ဆက်ပြောလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now