Arc-12.16(My little lover)

1.5K 189 15
                                    

Zawgyi

"လုယွင်ချင်းကို ကိုကို သဘောမကျဘူး" လော့ကျန်းက ဝမ်ချင်ရှန်ဘက်မှ ကိုကိုနာမ်စားကို စတင်အသုံးပြုလာမှတော့ သူကလည်း သူ့ကိုယ်သူ'ကိုကို' လို့ ပြန်သုံးပေးရမှာပဲလေ၊

"ဒါပေမယ့်...သူက ကျွန်တော်ရဲ့သူငယ်ချင်းကောင်းပါ" ဝမ်ချင်ရှန်က လော့ကျန်းရဲ့ခံ့ညားတဲ့မျက်နှာထက်က အလိုမကျမှုကြောင့် စိတ်ထဲကသာ ရီလိုက်ပြီး အပြင်ဘက်မှာတော့ လက်မခံနိုင်စွာအထွန့်တက်လိုက်သည်၊

'ငါ့အနေနဲ့ သူငယ်ချင်းအပေါ်မစွန့်လွှတ်နိုင်တဲ့ဇာတ်ကွက်ကို အောင့်အီးပြီး ကရမှာပဲလေ'

"သူငယ်ချင်းကောင်းတဲ့လား...သူက ကိုကို့ကို ပေါ်တင်မြူဆွယ်နေတာလေ ဒါတောင် ရှန်ရှန်က ဘာမှမဖြစ်ဘူးလား

ကျန်းလော့ရဲ့အမေးစကားကို ဝမ်ချင်ရှန်ကနားမလည်စွာဖြင့် ကြည့်လိုက်ပြီး မျက်နှာထက်မှာမယုံကြည်နိုင်ဖြစ်သွားတော့သည်၊

"သူက ကျစ်ယန်ရဲ့တော်ဝင်မျိုးနွယ်ဖြစ်တဲ့မင်းသားထျန်းထိုက်ယန်ကို ချစ်နေတာလေ"

"ရှန်ရှန်...ဘာလို့ ဖြူစင်ရိုးသားရတာလဲ..." ကျန်းလော့က ဝမ်ချင်ရှန်ရဲ့မျက်နှာလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်၊ဝမ်ချင်ရှန်ကလည်း ကျန်းလော့အား နားမလည်တဲ့အမူအရာလေးဖြင့်သာ စိုက်ကြည့်နေသည်၊

"ကိုယ်တို့ပြောတယ်လေ...ထန်ရာလ်ကလည်း လူသားတွေရောစပ်ထားတာကြောင့် သူတို့ရဲ့စိတ်ထားက တစ်ရာခိုင်နှုန်းဖြူစင်မနေဘူး..."

"ဒါပေမယ့်..." လုရန်ဖုန်းလိုမျိုး ဝမ်ချင်ရှန်က လုယွင်ချင်းအား သူရဲ့သူငယ်ချင်းလေလို့ပြောချင်ပေမယ့် နူတ်ခမ်းချင်းပိတ်ကာ နမ်းလာတဲ့ကျန်းလော့ကြောင့် ဘာမှမပြောနိုင်တော့ပေ၊

"ကိုယ်တို့က မင်းကို ဒုက္ခရောက်အောင် လုပ်ဖူးလား၊"

"မလုပ်ဖူးဘူး..." ဝမ်ချင်ရှန်က ခေါင်းကိုခါလိုက်ရင်း ဖြေလိုက်သည်၊သူ့ချစ်သူက သူ့ကို ဘယ်တော့မှ ဒုက္ခရောက်အောင်မလုပ်ချေ၊

"ဒါဆိုရင် ကိုယ့်စကားကို နားထောင်လေ...လုယွင်ချင်းက ရှန်ရှန် မန်မျိုးနွယ်မှန်းသိပြီးသားလေ...ဒါကြောင့် ရှန်ရှန်ဆီ စိတ်ရင်းအမှန်နဲ့ချဉ်းကပ်ခဲ့တာမဟုတ်ပဲ ရှန်ရှန်ရဲ့နှလုံးကိုလိုချင်လို့ပဲ..."

Zhao Wen Xuan(System)Where stories live. Discover now