Arc-11.2(Hyung... I love u)

9.9K 1.3K 62
                                    

Zawgyi

ကျောက်ဝမ်ရွှမ်တစ်ယောက် လီထယ်ယွန်းမှာ ဆန္ဒမရှိသည့်အခါမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့် သူရဲ့မျက်ဝန်းများဟာ အရောင်တောက်သွားကာ...

'ဒါဆို နွားနဲ့ ငါရှေ့ဆက်တိုးဖို့ အတင်းကြပ်လုပ်စရာမလိုတော့ဘူးပေါ့...'

ဒီငပိန်းမှာ 'ကင်​ဆောင်းဟိုရဲ့အချစ်ကို ရပါစေ...' လို့ ဆန္ဒတွေထက် ဆန္ဒမရှိတာက ပိုကောင်းသေးတယ်... ၊မဟုတ်ရင် ကင်ဆောင်းဟိုဆိုတဲ့ခွေးသားကို ငါသည်းခံချစ်ပြနေရဦးမယ်...

'တွေးရုံနဲ့ ရွံတယ်'

[Sky : တဏှာရူးကျရုံသာမကဘူး စိတ်ဓာတ်ပါ အောက်တန်းကျလာပြီ] လို့ skyစကားကြောင့် လီထယ်ယွန်းလှည့်ကြည့်လာကာ...

'မင်းက အဲ့နွားနဲ့ငါ့ကို ပေါင်းထုပ်စေချင်လို့လား'

[Sky:စကားများမနေနဲ့တော့ မနက်ဖြန် ဘာနေ့လဲ သိလား]

'အဓိကဇာတ်ကောင်နဲ့ငါ ဆုံတွေ့မဲ့နေ့လေ...မဟုတ်ဘူးလား'

မနက်ဖြန် ကင်ဆောင်းဟိုဟာ လီထယ်ယွန်းကို သူရဲ့အရေးကြီးဆုံးလူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောထားသည်မလား၊အဟက် ဘာအရေးကြီးလူလဲ... အိပ်ယာထဲ ပြေးဝင်လုပ်မတက် ရင်းနှီးကျတဲ့ နွားနဲ့စနှိုက်ကောင်...၊

လီထယ်ယွန်း သူရဲ့စိတ်တွေကို ထိုခွေးနှစ်ကောင်ကြောင့် မညစ်ညမ်းစေချင်တာကြောင့် အတွေးတွေကို ရပ်တန့်လိုက်ပြီး အိမ်တော်ထဲကို ပြန်ဝင်လာတော့သည်၊အိမ်တော်ထဲရောက်တော့ အစေခံတစ်ဦးဟာ သခင်ကြီးက စာကြည့်ခန်းထဲကို လာရန် မှာထားကြောင်း လာပြောတော့သည်၊ဒါကြောင့် လီထယ်ယွန်းလည်း စိတ်လေသည့်မျက်နှာဖြင့် သူ့အဖေရဲ့စာကြည့်ခန်းတံခါးကို ခေါက်လိုက်တော့သည်၊အထဲကနေ ဝင်ခဲ့ဟု စကားကြောင့် တံခါးဘုကို လှည့်ကာ စာကြည့်ခန်းထဲ ဝင်လာတော့သည်၊

သူဝင်လာတော့ သူ့အဖေဟာ ဆိုဖာပေါ်မှာ ဆေးဘူးကိုင်ရင်း ထိုင်နေသည်ကို တွေ့လိုက်ရတော့ လီထယ်ယွန်း စိတ်ညစ်နေသည့်မျက်နှာထားဖြင့် သူ့အဖေဘေးထိုင်ချကာ...

"အာပါး...မနာပါဘူးဆို... အမြဲဘာလို့ဆေးထည့်ထည့်ပေးနေရတာလဲ" လို့ပြောတော့ ချက်ချင်းရုပ်တည်ကြီးနဲ့ သူ့ခေါင်းကို ခေါက်ချကာ

Zhao Wen Xuan(System)Where stories live. Discover now