Arc.6.8(Shunosuke Tadashi)

18.4K 2.1K 147
                                    

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်းပြန်မစစ်တာကြောင့် အမှားပါရင် တောင်းပန်ပါတယ်ဗျ

Zawgyi

သစ်ပင်ကနေ ဆင်းလာသော အစ်ကိုကြီးချောချောကြောင့် မိန်းကလေးသုံးယောက်ဟာ ပါးလေးတွေနီရဲသွားကျကာ

"ချောလိုက်တာ...ဘယ်ကျောင်းကလဲမသိဘူး...ကောလိပ်ကျောင်းသားလားမသိဘူး"

"သေရော ငါတို့ အနိုင်ကျင့်နေတာကို မြင်သွားပြီ... ဘယ်လိုလုပ်မလဲ"

"ကိစ္စမရှိဘူး ပြသာနာဖြစ်လာရင် အကိုNatsukiက သူတို့မိသားစုနာမည်ပြောလိုက်လို့ပြောထားတာပဲလေ...."

"ဟုတ်တယ် ဟိုနေ့ ဒီကောင်မAsamiဘက်ကပါမိတဲ့ကောင်မလေးဆို ကျောင်းထုတ်ခံလိုက်ရပြီ... အေးဆေးပဲ"

ထိုကောင်မလေးတွေဟာ သူတို့နောက်မှာ Akihiko Natsukiရှိတာကြောင့် ရှေ့က လူကို ဂရုမစိုက်စွာ

"အကို ဒါ မိန်းကလေးကျောင်းနော် ညီမတို့ တိုင်ပြောလိုက်ရမလား"

"ဟုတ်တယ် ကိုယ့်ကိစ္စ ကိုယ် လုပ်..."

Niikiဟာ ထိုပေါက်ပေါက်ဖောက်နေသော ကောင်မလေးတွေကို အဖက်ပင်မလုပ်ပဲ မြေပြင်ပေါ်တွင် ထိုင်နေသော ကောင်မလေးဆီသွားကာ ကောက်ချီလိုက်တော့သည်၊

"ဘာ...ဘာလုပ်တာလဲ" asamiဟာ ဒီလူလဲ အရင်ကလူတွေလိုပဲ ပြန်ထွက်သွားမယ်ထင်ခဲ့ပေမယ့် ရုတ်တရက်ကောက်ချီလိုက်တဲ့အပြင် သူစိမ်းယောကျာ်းတယောက်ရဲ့ ရင်ခွင်ထဲ ရောက်သွားတာကြောင့် သူမျက်နှာတခုလုံးဟာ ရဲတွက်သွားတော့သည်၊

"ဘာလုပ်ရမှာလဲ မင်းကို ဆေးရုံခေါ်သွားမလို့"

"ရပါတယ်....asamiကို ဒီမှာပဲ ထားခဲ့ပါ...မဟုတ်...မဟုတ်ရင် အကိုပဲ ဒုက္ခရောက်လိမ့်မယ်"

"အကိုက ဘာကြောင့် ဒုက္ခရောက်ရမှာလဲ" သေချာအနီးကပ်ကြည့်တော့လဲ ဒီကောင်မလေးက တော်တော်လှတာပဲ Natsukiပြောသလို တခုမှလဲ မတူဘူး??? အစထဲက အကုန်အမှားတွေလား

Zhao Wen Xuan(System)Where stories live. Discover now