Zawgyi"ခန့်ညားချောမောတဲ့လူတစ်ယောက်လို့ မြင်ပါတယ် အရှင်မင်းကြီး"လို့ ပိုင်ကုဖန်းအဖြေကြောင့် မင်ရန်ဟောက်ဟာ ပုလ္လိင်ကိုမှီကာ...
"ဒါပဲလား ငါကိုယ်တော်ရဲ့ဆိုးကောင်းမကျန်သိချင်တယ်" လို့ မင်ရန်ဟောက်ကပြောလိုက်တော့ သူရှေ့ရှိလူငယ်လေးရဲ့သူရဲကောင်းဆန်ဆန်မျက်ခုံးမွှေးများဟာ ကြုတ်သွားပြီး သူရဲ့မျက်ဝန်းများကိုစိုက်ကြည့်လာကာ
"ခွင့်လွှတ်တော်မူပါ အရှင်မင်းကြီး ဒီအမှုထမ်းအနေနဲ့ ဝေမဖန်ရဲပါဘူး"လို့ ပိုင်ကုဖန်းဟာပြောလိုက်ပြီး စိတ်ထဲကနေလည်း မကျေမနပ်တော်တော်ထြစ်နေသည်၊
'ခင်ဗျားရဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို ကျွန်တော်က ဘယ်လိုသိမှာလဲ!! ထန်တိုင်းပြည်စစ်ချီတက်လာပြီး အိမ်ရှေ့စံမင်းသားအပါအဝင် မင်းသား ၈ယောက်ကို သတ်ခဲ့တဲ့သူကို အရှင်က တုမနှိုင်းမရအောင် မြင့်မြတ့်ပါတယ် လို့ ပြောရမှာလား?' လို့ မကျေမနပ်ဖြစ်နေတော့သည်၊
မင်ရန်ဟောက်ကလည်း သူမေးခွန်းမှားသွားတာ သိပေမယ့် ခပ်တည်တည်ဖြင့်
"ရပြီ သွားတော့ ခဏနေဦး မိဖုရားပိုင်ကို သွားတွေ့ဆုံလိုက်ဦး ကိုယ်တော့်မိဖုရားက မင်းကိုစိတ်ပူနေတယ်"လို့ ပြောလိုက်ပြီး ပိုင်ကုဖန်းရဲ့မျက်နှာကို အကဲခတ်နေပေမယ့် ဘာအမူအရာမှ ပေါ်မလာပဲ သူ့ကို ရိုရိုသေသေနူတ်ဆက်ကာ ထွက်သွားတော့သည်၊ မင်ရန်ဟောက်သာ သူရဲ့ကုန်းကုန်းနဲ့ကျန်ခဲ့ပြီး ညီလာခံဆောင်တွေ မည်သူမျှမရှိတော့သည်သေချာမှ ရန်ကုန်းကုန်းဟာ ရှေ့တက်လာပြီး
"မင်းကြီး ဒီတစ်ခေါက်လုပ်ဆောင်ချက်ကြောင့် အမတ်တွေသာမက ပြည်သူတွေလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်"
"အင်း... ကုဖန်းက တကယ်တော်တဲ့စစ်သူကြီးပဲ ကိုယ်တော်သာ တစ်ကွက်ကြိုမမြင်ခဲ့ရင် မင်စစ်တပ် ကျဆုံးဖို့များတယ်"လို့ မင်ရန်ဟောက်စကားကြောင့် ရန်ကုန်းကုန်းလည်း အးံအားသင့်သွားတော့သည်၊ဒါပေါ့ သူငယ်ငယ်ထဲက ထိန်းကျောင်းလာတဲ့လူငယ်လေးရဲ့ နှလုံးရည်ကော၊လက်ရုံးရည်ကောကို ရန်ကုန်းကုန်းဟာသိတာကြောင့် သူ့စိတ်ထဲတွင် မင်ရန်ဟောက်သည်သာ အတော်ဆုံးဟုသတ်မှတ်ထားခြင်းဖြစ်သည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...