Arc-11.16(Hyung...I love you)

5.5K 860 23
                                    

Zawgyi

လီထယ်ယွန်း အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ထွက်ပြေးလို့ရ မရ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊ဒါပေမယ့် သူရဲ့တစ်ခုတည်းသောနည်းလမ်းဟာ အနောက်ဘက်က မြင့်မားသည့်နံရံကြီးကို ကျော်ခွတက်သွားမှ လွတ်မြောက်နိုင်လိမ့်မည်၊

"မင်းတို့ ရဲရဲသာရှေ့တက်သွားတော့ သခင်လေးလီလည်း သူရဲ့ဂိတ်ဆုံးကို ရောက်နေပြီ" ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဟာ ပြောလိုက်တော့ ကျန်တဲ့သူတွေလည်း တွေဝေမနေပဲ ရှေ့တက်လာတော့သည်၊ သူတို့ဟာ အဖက်ဖက်က ပိတ်ကာ လီထယ်ယွန်းရဲ့အဓိကနေရာတွေကိုသာ တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်၊

လီထယ်ယွန်းလည်း ပထမက ရှောင်နိုင်သလို၊ခုခံနိုင်ခဲ့ပေမယ့် ကြာတော့ အားအင်တွေလျော့ရဲလာတော့သည်၊ထိုထဲကလူငယ်တစ်ယောက်ဟာ သူရဲ့ဝမ်းဗိုက်ကို ဦးတည်ကန်လာချိန်မှာ လီထယ်ယွန်း လက်နဲ့ကာလိုက်ပေမယ့် ကန်သည့်အရှိန်ဟာ ပြင်းတာကြောင့် မြေပြင်ပေါ် နောက်ပြန်လဲကျသွားတော့သည်၊ထို​နောက်မှာ နောက်တစ်ယောက်ဟာ သူရဲ့မျက်နှာကို ကန်လာတာကြောင့် သူအမြန်လက်နဲ့ကာချလိုက်တာကြောင့် လက်အရိုးအက်သံပင် ကြားလိုက်ရသည်၊

လီထယ်ယွန်း နာကျင်သွားတာကြောင့် မျက်နှာမဲ့သွားပေမယ့် သူဟာ ပြန်မတ်တပ်ရပ်လိုက်သည်၊သူရဲ့ဘယ်ဘက်လက်ဟာ ကျိုးသွားသည်လားမသိပေမယ့် လှုပ်လို့မရသည်ကိုတော့ သူသိလိုက်သည်၊လီထယ်ယွန်း အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုလူတွေကို စိုက်ကြည့်လိုက်ပြီးနောက်

"ငါ့ကို ဒဏ်ရာရအောင်လုပ်တာ သူသိသွားရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး... ငါအကြံပေးလိုက်မယ် အခုချက်ချင်းထွက်သွားလိုက်" လို့ လီထယ်ယွန်းပြောလိုက်ပေမယ့် ထိုလူငယ်အဖွဲ့ဟာရယ်မောလိုက်ပြီး ဝူဂျင်ယောင်းဟာလည်း လှောင်ပြုံးပြုံးလိုက်သည်၊

"ကင်ဆောင်းဟိုက မင်းကိုလာကယ်နိုင်မှာမဟုတ်ဘူး၊သူသောက်မဲ့ခွက်ထဲ ငါအိပ်ဆေးခတ်ပြီးသား"

"အဟက် ငါက ကင်ဆောင်းဟိုကို ပြောနေတာမဟုတ်ဘူး" လီထယ်ယွန်းဟာ ဝူဂျင်ယောင်းကို စိုက်ကြည့်ပြီးပြောလိုက်ပြီးနောက်မှာ သူရဲ့မျက်ဝန်းတွေဟာ ထိုလူတွေဖြတ်ကာ အနောက်ဘက်ကို ရောက်သွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now