Arc.6.7(Shunosuke Tadashi)

19K 2.2K 144
                                    



အရေးအသား မသေသပ်၊စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါတယ်

Zawgyi

အရေးကြီးတာ ဒီချိန်မှာ Kinoseက ငါ့mateဖြစ်နေတာပဲ၊ ဒီကမ္ဘာရဲ့ သားတော်က ငါရဲ့ချစ်သူ ဖြစ်နေခဲ့ရင်ကော....နေဦး kinoseက သူmate ဆိုတော့...အရင်က Tadashiသေသွားမှ Natsukiပေါ် Kinoseအချစ်တွေက တဖြေးဖြေး ပေါ်လာတာဆိုတော့ အခုတော့  ဘယ်လိုလုပ်မလဲ Tadashiက မသေဘူးဆိုတော့....

'Sky '

[Sky:  မင်းက Natsukiရဲ့ mateကိုရှာဖွေမလို့လား]

'Wow မင်းလဲ ငါနဲ့ပေါင်းပါများပြီး တော်လာပြီပဲ ဟုတ်တယ် ၊ ငါ့နည်းလမ်းက ယုတ်မာတယ်လို့ ထင်ရင်ထင်ကျလိမ့်မယ် ဒါပေမယ့် Natsuki လို နှလုံးနက်ကြာပန်းဖြူကို သူနည်းအတိုင်း ပြန်ကျွေးတာပေါ့'

Tadashiဟာ ပြတင်းပေါက်ကို တချက်ကြည့်လိုက်မိပြီး 'ဘာလို့ တယောက်ယောက် ကြည့်နေသလို ခံစားနေရတာလဲ' ငါ စိတ်ထင်တာပဲ နေမှာပါ ဘယ်သူက Shunosuke အိမ်တော်ကို လွယ်လွယ်နဲ့ဝင်လာရဲမှာလဲ

[Sky:  200points]

'....ငါ့အမှတ်လေးတွေ....နုတ်......နုတ်လိုက်ပါ...'

[Sky:  Furima Negi သူက ဝန်ကြီးချုပ်သား၊ပြီးတော့ သူက မင်းတို့ကောလိပ်ကပဲ မင်း ကံကောင်းတယ် Negiက မင်းBasketballအသင်းက ဒုတိယခေါင်းဆောင်ပဲ၊ အရင်ဘဝကလဲ Natsuki နဲ့ဆုံခဲ့တယ်လေ ဘယ်သူထင်မလဲ Natsukiက မင်းညီမကို သတ်ဖို့ ခိုင်းစေခဲ့တဲ့အထဲမှာ Furimaလဲ ပါခဲ့တယ် သူရဲ့ ခဲလုံးတွေ အကုန်ရှင်းပြီးတာနဲ့ သူရဲ့ အကြီးမားဆုံးခဲလုံးဖြစ်တဲ့ Furimaကိုလဲ Tadashiကို လုပ်ခဲ့သလို လုပ်ခဲ့တာပဲလေ၊ Furimaက နောက်ကွယ်က ဖြစ်ရပ်မှန်ကို မသိပဲ သူရဲ့mateပေါ် သစ္စာဖောက်မိတယ် ထင်တာကြောင့် သူဘဝတသက်လုံး နောင်တတွေနဲ့ပဲ နေထိုင်သွားခဲ့တယ် ဟက် အဲ့ငပိန်းကောင်က Kinose နဲ့ Natsuki မင်္ဂလာပွဲကိုတောင် ဂုဏ်ပြုပေးလိုက်သေးတယ်]

'Furimaနဲ့ Natsuki တွေ့ပြီးပြီလား'

[Sky:မတွေ့ရသေးဘူး]

'သိပြီ'

"ကိုကို..."

Asamiဟာ ညဝတ် ဝတ်စုံအင်္ကျီ အဖြူလေး ဝတ်ထားကာ အခန်းဝမှာ ရပ်နေသည်၊
'ဟုတ်သား...ကိုးနာရီတောင်ရှိပြီ ညီမလေးကို ချော့သိပ်ဖို့ မေ့နေတာပဲ'

Zhao Wen Xuan(System)Where stories live. Discover now