Zawgyi
ဝမ်ချင်ရှန်တစ်ယောက် ချင်းယုကွယ်ထားတာတောင် ကျန်းလော့ကို စိတ်ဝင်စားနေတော့သည်၊ကျန်းလော့ရဲ့ငွေရောင်ဆံပင်တိုများဟာ လရောင်အောက်မှာ ဖြာဆင်းနေတော့သည်၊ဒါကလည်း ထိုယောက်ျားကို တစ်မူထူးခြားစေသည်၊မိုဟွာမျိုးနွယ်တွေက နတ်ဆိုးသွေးပါဝင်ပေမယ့် သူတို့ဟာ လနဲ့အပ်စပ်နေကြသူများဖြစ်တာကြောင့် ခန့်ညားလှပသည့်ပုံရိပ်ဟာ တားဆီးမရနိုင်ပေ၊
'ချောလိုက်တာ'
တလဲ့လဲ့တောက်ပနေတဲ့ဝမ်ချင်ရှန်အမူအရာကြောင့် ဘေးကလူတွေ သက်ပြင်းချလာတော့သည်၊ကျိုးနဉ်ကလည်း ဝမ်ချင်ရှန်ကို လှမ်းကြည့်လိုက်ပြီးပြောလိုက်သည်၊
"ချင်ရှန်! သူရဲ့အလှမှာ မျောမပါသွားစေနဲ့!ကျန်းလော့က လှပပေမယ့် တကယ့်ကို သားရဲတစ်ကောင်ပဲ"
ဝမ်ချင်ရှန်ရဲ့အကြည့်တွေဟာ ကျိုးနဉ်ဆီရောက်လာပြီး နားမလည်စွာ ကြည့်လာတော့သည်၊
"သားရဲတစ်ကောင်..."
"ဟုတ်တယ် ရှန်ရှန်...နင်မသိသေးတာ မဆန်းကျယ်ဘူး၊ကျန်းလော့က မိုဟွာရဲ့ဆက်ခံသူပေမယ့် သူ့မှာ ကျိန်စာတစ်ခုရှိနေတယ်...အဲ့ကျိန်စာကြောင့်ပဲ သူ့အနားချဉ်းကပ်တဲ့သူတိုင်းက တစ်နည်းနဲ့မဟုတ် တစ်နည်းသေဆုံးသွားရတာပဲ!" ချင်းယုစကားကြောင့် ဝမ်ချင်ရှန်က စိတ်ဝင်စားဟန်ဖြင့် မျက်ခုံးပင့်သွားတော့သည်၊
ဒါပေမယ့် အဲ့လိုပြောရုံနဲ့ ဝမ်ချင်ရှန်က ရှေ့ဆက်မတိုးတော့ဘူး ထင်နေကြမလားမသိဘူး၊ကျန်းလော့မှာ သူရင်းနှီးတဲ့အငွေ့အသက်တွေ ရှိနေတာကိုလေ၊ဒါကြောင့် ဝမ်ချင်ရှန်ဟာ မတ်တပ်ထရပ်လိုက်ပြီး ကျိုးနဉ်တို့ကို ကြည့်လိုက်ပြီး
"ကျိန်စာတွေက ငါ့အပေါ် မသက်ရောက်ဘူး...Everything is okay" လို့ ပြောကာထွက်သွားတော့သည်၊ကျိုးနဉ်မှာ တားချိန်တောင် မရလိုက်တော့ပေ၊
ဝမ်ချင်ရှန်ဟာ ကျန်းလော့ခုံနားကို ကပ်သွားပြီး သူဟာ တောက်ပစွာပြုံးပြလိုက်ပြီး ကျန်းလော့ကို မှေးကြည့်လိုက်သည်၊
"ဒီမှာ ထိုင်လို့ရလား" ဝမ်ချင်ရှန်က အမေးနဲ့အတူ သူဟာ ကျန်းလော့ဘေးနားမှာ ထိုင်ပြီးသားပင်၊ထိုနောက်မှာတော့ ကျန်းလော့ကို ဝမ်ချင်ရှန်ဟာ စိုက်ကြည့်လိုက်ပြီး မျက်ခုံးတစ်ချက်ပင့်တက်သွားတော့သည်၊ထိုလူရဲ့ရွှေရောင်မျက်ဝန်းများဟာ မည်သည့်ခံစားချက်မှ မရှိဘဲ အေးတိအေးစက်သာဖြစ်နေသည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...