Arc2.6 (Fang Wen Jian)

24.4K 2.6K 96
                                    


Zawgyi

ပန်းပွဲတော်နေ့ရဲ့ နောက်တနေ့ ရောက်တော့ Fang Wen Jianရဲ့ ဂုဏ်သတင်းဟာ ပျံ့နှံ့သွားတော့သည်၊လူငယ်များကလဲ Fang Wen Jianရဲ့ အထီးကျန်ကြာ တေးကို တဖွဖွ ချီူးကျူးလို့မပြီးနိုင်သလို Fang Wen Jianရဲ့ အလှကိုလည်း ချီးကျူးလို့မကုန်ပေ....Fang Wen Jianဟာ Wu တိုင်းပြည်ရဲ့ နံပါတ် ၁ အလှလေး ဖြစ်လာတော့သည်
အချို့ဆို Fang Wen Jianအတွက် လက်ဆောင်များ လာရောက်ပေးဆောင်ပေမယ့် Fang တံခါးဝတွင် ရပ်နေသော မင်းသား Li shengရဲ့ အစောင့်များကြောက့် ပြန်လှည့်ရပေါင်း မနဲပေ၊

အခု နောက်ထပ်ကျော်ကြားနေတဲ့သတင်းကတော့ မင်းသား Ting Caoနဲ့ မင်းသား Li Sheng ဟာ အလှလေးWen Jianကို အပြိုင်အဆိုင် လိုက်နေတဲ့ဆိုတဲ့ သတင်းပါပဲ အကုန်လုံးဟာ ဘယ်သူနိုင်မလဲဆို တာ စိတ်ဝင်စားကျသည်၊ မင်းသား Zao Yuanဟာ ဒါကို အခွင့်အရေးယူ၍ ဖြူမဲ လောင်းကစား လုပ်လေသည်၊ အများစုဟာ မင်းသားTing Caoဘက် လောင်းပြီး ကျန်အများစုက မင်းသား Li Shengဘက်က လောင်းကျသည်၊ အချို့ကျတော့ အလှလေးဟာ ဘယ်သူမှ မရွေးချယ်ပဲ သာမန် အရပ်သားလေးကို ရွေးချယ်မယ်ဆိုပြီး စိတ်ကူးမိုက်မဲစွာ ရွေးချယ်ကျသည်၊

Fang Wen Jianတစ်ယောက်ကတော့ စိတ်ပျက်စွာ....အခန်းထဲမှာ ဇာတ်လိုက်မ Lan Mei Youနဲ့ ထိုင်နေရသည်၊ သူဟာ အခုချိန်မှာ ဈေးတန်းထဲကို အလည်အပတ်သွားချင်သည်၊ ရှေးခေတ်ရဲ့ လမ်းဘေး အစားအစာကို မြည်းစမ်းဖူးချင်သည်၊

"Wen Jian...နင်ရဲ့ လက်က ကျူးရှားရစ်က ဘယ်လိုဖြစ်တာလဲ..."
"အမ်...ဘာကိုလဲ "
"အရင်က နင့်အရောင်က အခုလို မတောက်ပပါဘူး..ဘယ်လိုလုပ်လိုက်တာလဲ"လို့ပြောတာ Wen Jianလက်ကို ဆွဲယူပြီး စစ်ဆေးနေတော့သည်၊
"ငါဟာက တောက်ပသည် ဖြစ်စေ မတောက်ပသည်ဖြစ်စေ မင်းနဲ့ ဘာဆိုင်လို့လဲ Mei Youရယ် ပြီးတော့ မွေးထဲက ငါ့အရောင်က တောက်ပ တာ မင်းသိရဲ့သားနဲ့ နောက်မှ မှေးမှိန်သွားတာလေ"
"ဟုတ်တယ်လေ ငါသိတာပေါ့ ငါနဲ့နင်က ငယ်ငယ်ထဲက ခင်မင်လာသူတွေပဲ ဒါဆို ဘယ်လိုလုပ် ပြန်ကောင်းသွားတာလဲ"
"အဲ့တာ မထူးဆန်းပါဘူး ငါ့ကို အိပ်မက်ပေးတဲ့ အဘိုးအိုတစ်ယောက်ကြောင့်ပါ"
"ဟမ် အိပ်မက်??? အဘိုးအို??? ဘာတွေလဲ"
"အဘိုးအိုကပြောတယ် ငါ့ကျူးရှားရစ်က ငါ့ကျန်းမာရေးကြောင့် မှေးမှိန်တာ မဟုတ်ဘူးတဲ့ အဆိပ်ကြောင့်တဲ့ "
"ဘာ! အဆိပ်..ကြောင့်.. မဖြစ်နိုင်တာ သမားတော်Luက ဒီနိုင်ငံမှာ အတော်ဆုံးထဲမှာ ပါပါတယ် "
"ဟွန့် သူက တော်ပေမယ့် ငါ့ရောဂါကို မဆန်းစစ်နိုင်ဘူးလေ မင်းခေါ်လာတဲ့ သမားတော် ပဲလေ တော်တာ မတော်တာ ငါက ဘယ်သိမလဲ... အဘိုးအိုက ငါရဲ့ အဆိပ်ကို ဖြေပေးပြီးပြီ ဒါကြောင့် ငါရဲ့ ကျူးရှားရစ်အရောင်က အရင်လို ပြန်တောက်လာတာပဲ "
'မင်း သိချင်တာ သိပြီးပြီမလား ပြန်တော့လေ... "
တကယ်ပဲ ဘာလို့ လောဘမျက်စိနဲ့ ကြည့်ပြန်ရတာလဲဟ
[Sky: မင်းဆီက အဲ့ အဆိပ်ဖြေဆေး လိုချင်နေတာကိုး မင်းကျူးရှားရစ်က အရင်ကထက် ပိုမိုတောက်ပသွားတာလေ...]
'ဟွန့်....Fang Wen Jianကို အမြဲ မသိမသာ ဆေးခပ်ခပ်သွားတယ် ဒီအတွက် ငါက လက်ဆောင်လေး ပေးချင်တာပေါ့...Sky မင်းမှာ ဆေးကောင်းလေး ဘာလေး မရှိဘူးလား'
[Sky:ရှိတယ် ဒါပေမယ့် အဲ့ဆေးက နည်းနည်းဆိုးတယ်ဟ... အစပိုင်းမှာ အဲ့လောက်မသိတာ တဖြေးဖြေး အမဲရောင်ကွက်တွေ ပေါ်လာပြီး နောက်ဆုံး မီးလောင်သလို ဖြစ်ပြီး သေဆုံးသွားတဲ့ အဆိပ်ဆေးပဲ Points 50]
'မင်း ဆေးက ဖြေဆေးရှိလား'
[Sky:မရှိဘူး ငါတောင် မဖော်စပ်နိုင်သေးဘူး ပြီးတော့ သူရဲ့ပုံစံ ဘယ်လိုမှ အဆိပ်နဲ့မတူတဲ့အပြင် ဘယ်လိုစစ်ဆေးစစ်ဆေး ခန္ဓာကိုယ် တိုးတတ်စေတဲ့ အာနိသင် တွေပဲ တွေ့လိမ့်မယ်]
'ကောင်းပြီ ဝယ်မယ်'
"Web Jian အဲ့ဆေးလေး ငါ့ကို ငှါးလို့ရလား.... ပြန်စစ်ဆေးပြီးရင် နင့်ကိုပြန်ပေးမယ်လေ ငါနင့်ကို စိတ်ပူလို့ပါဟာ...ငါတို့အဖေဆီမှာ ကျွမ်းကျင်တဲ့ သမားတော်တွေ ရှိတယ် ဘယ်လိုလဲ"
'Lan Mei Youအကြောင်း မသိတဲ့သူတွေကတော့ သူရဲ့စကားမှာ မျောပါသွားမှာပဲ...ပြန်စစ်ဆေးပေးမယ်?စိတ်ပူလို့?ဟာသပဲ ဆေးအတု ပြန်ပေးမယ်ဆိုတာ မသိတာကျနေတာပဲ....ဒါပေမယ့် ငါကလဲ လက်ဆောင်ပေးချင်နေတာပဲလေ'
Fang Wen Jianလည်း မျက်နှာငယ်လေးနဲ့ သူအင်္ကျီထဲက ကျောက်စိမ်းရောင်ဆေးပုလင်းလေးကို ထုတ်ကာ...
"မင်းကိုပဲ အားကိုးရတော့မှာပေါ့....ဆိုးကျိုးရှိမှာ ငါလည်း ကြောက်တယ်...မင်း ပြန်တော့ ပေးမှာ သေချာတယ်နော် မဟုတ်ရင် အဘိုးအိုက ငါ့ကို စိတ်ညူညင်လိမ့်မယ်" လို့ ပြောတာ စိတ်မသက်သာတဲ့ပုံစံနဲ့ ဆေးပုလင်းကို ခုံပေါ်တင်လိုက်သည်၊ တင်လိုက်တာနဲ့တပြိုင်ထဲ Mei You က လှမ်းယူလိုက်ပြီး အဖုံးကို ပွင့်လိုက်တော့ အလွန်သင်းပျံတဲ့ရနံ့ကို ခံစားရပြီး အလွန်ကောင်းမွန်တဲ့ဆေးမှန်း သိသွားပြီး ပျော်ရွှင်သွားပေမယ့်...မျက်နှာအထက်တွင် အထင်သေးမှုကို တင်လိုက်ပြီး...
"ဟက်...ဒီလို ဆေးမျိုးက သာမန်ပါပဲ...စိတ်မပူနဲ့ မင်း ဆက်မသောက်တာပဲ ကောင်းတယ် မဟုတ်ရင် မင်းအတွက် ဘေးထွက်ဆိုးတွေ ဖြစ်လာလိမ့်မယ်"
Fang Wen Jianလည်း Mei Youရဲ့လက်ကို ကိုင်လိုက်ပြီး.
"ငါ့မှာ မင်းပဲ အားကိုးစရာ ရှိတာ....မင်းက ငါရဲ့ အကောင်းဆုံး သူငယ်ချင်းပဲလေ"
'ငတုံး ဘယ်သူက မင်းလို အမှိုက်နဲ့ သူငယ်ချင်းဖြစ်ချင်မှာလဲ မင်းက ငါ့ထက်မသာအောင် ငါက ဖိနှိပ်ထားတာ...အခု မင်းအသုံးမကျလို့ မင်းက ငါရဲ့ကျော်ကြားမှုတွေ လုယူသွားမှာ...ဆေးကို စစ်ဆေးမယ်?ဟက် ဆုတောင်း မင်းကို ငါက အရင်လို ဘွဲ့နဲ့ ရအောင် ပြန်လုပ်ပေးမှာ'လို့ Lan Mei Youတွေးရင်း ကျေနပ်စေမိတယ်၊ ဘာပဲဖြစ်ဖြစ် Fang Wen Jianက တုံးဆဲပဲ ငါ့စကားကို နားထောင်ဆဲပဲ အေးဆေးလုပ်လို့ရတယ်...ဒီဆေးကို သောက်ပြီးတာနဲ့ ငါရဲ့တောက်ပမှုတွေကို ပြန်ယူရမယ်
"အဲ့ဆိုလည်း ငါအမြန်ဆုံး စီစဉ်လိုက်တော့မယ်...သွားလိုက်အုန်းနော်"
"သတင်းကောင်းကို ငါမျှော်နေမယ်နော်..."

Zhao Wen Xuan(System)Where stories live. Discover now