Arc 9.9(My wife doesn't love me)

14K 2K 82
                                    


Zawgyi

မုရှင်းရုံဟာ မြေပြင်ပေါ် ဒူးထောက်လဲကျကာ ထိုင်လိုက်ပြီး ပိုင်ရန်ရှင်းကို မသင်္ကာမျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ...

"မင်း...မင်းက ပိုင်ရန်ရှင်း မဟုတ်ဘူး... မင်းဘယ်သူလဲ!! " မုရှင်းရုံစကားကြောင့် Skyနဲ့ ပိုင်ရန်ရှင်းဆီကို သတိပေးစာများရောက်လာကာ ပိုင်ရန်ရှင်းဆိုရင် ထိုးအောင့်တတ်သွားသည့်ခေါင်းကြောင့် အမူအရာပျက်ချင်သွားပေမယ့်... အရင်လို တောက်တောက်ပပလေးပြုံးထားပြီး

"ငါ ဘယ်သူလဲ ဟုတ်လား... ၊မင်းမေ့နေလား အရင်ကမင်းလုပ်သမျှခံခဲ့တဲ့ ပိုင်ရန်ရှင်းက သေဆုံးသွားပြီလေ... အခု ငါက မင်းလို ကြာပန်းဖြူယောင်ဆောင်ထားတဲ့ လက်ဖက်စိမ်းတွေကို ခွာချပေးမဲ့သူလေ"လို့ ခေါင်းလေးကိုင်းကာ တိုးတိုးလေးပြောလိုက်သည်၊ ပြီးနောက် နူတ်ခမ်းများဟာ အောင်နိုင်သူတစ်ယောက်လို အပေါ်ကိုကော့ကွေးသွားပြီး

"သာမန်အရပ်ကနေ လာတဲ့ထမ်းဆောင်သူတစ်ဦးက ငါ့ကို လွယ်လွယ်နဲ့အနိုင်ယူနိုင်မယ်ထင်လား"လို့ ပြောလိုက်တော့ မုရှင်းရုံလေး မျက်နှာဟာ အံ့သြမှုများနဲ့ ပြည့်သိပ်သွားပြီး...

"မ...မဖြစ်နိုင်တာ... မင်း...မင်းလည်း Ho..."လို့ ပြန်မေးလိုက်ချင်ပေမယ့် တားဆီးသံများသာ ထွက်လာတာကြောင့် ဘာမှပြောလို့မရပေ ဒါကြောင့် သူ့ကို ပုခုံးတွန့်ပြကာ ကျောပေးကာထွက်သွားသည့် ပိုင်ရန်ရှင်းရဲ့ နောက်ကျောကို ကြောက်ရွံ့စွာ ကြည့်မိလိုက်ပြီး သူရဲ့ဖြစ်တည်မှုကို လွယ်လွယ်နဲ့သတိထားမိသည့် ပိုင်ရန်ရှင်းရဲ့နောက်ခံဟာ ကြီးမားမည်ဖြစ်ကြောင်း ရိပ်မိလိုက်တော့သည်၊ ငါ့ရဲ့ ဒီmissionက ခက်ခဲနေတာ မဆန်းကျယ်တော့ဘူး...၊

မုရှင်းရုံဟာ System တစ်ခုမှာ တာဝန်ထမ်းဆောင်နေရသည့် Hostတစ်ဦးဖြစ်သည်၊ ဒီကမ္ဘာဟာ သူရဲ့ခုနှစ်ခါမြှောက်ကမ္ဘာဖြစ်ပြီး သူရဲ့တာဝန်ဟာ မုရှင်းရုံရဲ့ဆန္ဒနှစ်ခုကို ဖြည့်ဆည်းပေးရန်ဖြစ်သည်၊ပထမတစ်ခုက ပိုင်လီရှန့်နဲ့အနေနေထိုင်ရန်၊ ဒုတိယတစ်ခုက မုမိသားစုကို မြှင့်တင်ပေးရန် ...၊ဒါကြောင့် ပိုင်လီရှန့် သဘောကျသည့်ပုံစံဖြင့် ချဉ်းကပ်ခဲ့သော်လည်း... ထိုနေ့က ပိုင်ရန်ရှင်းပြောင်းလဲသွားပြီးနောက်မှာတော့ သူစီစဉ်ခဲ့သမျှ အကုန်ဟာ လမ်းချော်သွားတော့သည်၊ပိုင်လီရှန့်ဟာလည်း သူ့အပေါ်အရင်လို ရူးရူးမူးမူးမဖြစ်တော့ဘဲ ပိုင်ရန်ရှင်းဆီသာ ပြန်ရောက်သွားခြင်း မုရှင်းရုံကိုပိုမိုဒေါသထွက်စေသည်၊ ဒါပေမယ့် အခုတော့... ပိုင်ရန်ရှင်းဟာလည်း သူ့လို systemတစ်ခုရဲ့Hostတစ်ယောက်ဖြစ်နေခဲ့တယ်... ၊

Zhao Wen Xuan(System)Where stories live. Discover now