Arc.8.13(Vampireရဲ့ကြင်ယာတော်)

12.7K 1.8K 74
                                    


Zawgyi

မစ်လ် ဟိုဘက်ဒီဘက်လှည့်လို့မရတာကြောင့် မျက်လုံးဖွင့်ကာ ကြည့်လိုက်တော့ သူကို အနောက်ကနေတင်းကြပ်စွာဖက်ထားသည့် လက်တစုံကိုတွေ့လိုက်ရသည်၊ လက်ကို ဖြေးဖြေးဖယ်လိုက်ပြီး လက်ပိုင်ရှင်ဖြစ်သည့် ခရစ်ချက်စ် နိုးသွားမှာစိုးရိမ်တာကြောင့် ဖြေးဖြေးလေးလှည့်လိုက်ပြီး... ခန့်ညားချောမောသည့် သူရဲ့ချစ်သူရဲ့မျက်နှာကို ငေးမောကာကြည့်နေလိုက်သည်၊

သူရဲ့လက်လေးနဲ့ သူ့ချစ်သူရဲ့နှာတံချွန်ချွန်ကို ထိလိုက်ရင်း...

"ဘာလို့ ဒီလောက်ချောနေရတာလဲ! ဟွန့် မကျေနပ်ဘူး " လို့ ရေရွတ်ပြောဆိုရင်း နောက်လက်တဖက်ကလည်း ခရစ်ချက်စ်ရဲ့ ချောကလပ်ပြား ရှစ်ပြားကို သဘောကျပွတ်သတ်နေတော့သည်၊ ထိုနောက် ရင်အုပ်ကျယ်ကျယ်ကို မစ်လ်ဟာ သူရဲ့နူတ်ခမ်းလေးနဲ့ဖွဖွလေး နမ်းလိုက်ပြီး... သဘောကျစွာ ရယ်လိုက်ပြီး ခရစ်ချက်စ်ရဲ့ ယောကျာ်းဆန်တဲ့နူတ်ခမ်းပါးကို သူရဲ့မျက်နှာလေးတိုးသွားကာ ဖွဖွလေးနမ်းလိုက်ပြန်သည်၊ဒါပေမယ့် သူနမ်းပြီး ပြန်ခွာမလို့ပဲရှိသေးသည် သူခါးဟာ တင်းခနဲဖြစ်သွားကာ ခရစ်ချက်စ်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ရင်ခွင်ကြီးထဲမှာ မစ်လ်ရဲ့ကိုယ်လုံးလေးဟာ နစ်မြှပ်သွားတော့သည်၊

မစ်လ် သူခိုးနမ်းတာ လူသိသွားတော့ မျက်နှာဟာ ပန်းသီးလိုနီရဲနေပြီး အားတင်းပြုံးကာ "ခင်ဗျာ...ဘယ်... တုန်းထဲက နိုးနေတာလဲ" လို့ မေးလိုက်တော့ ခရစ်ချက်စ်ဟာ မစ်လ်ရဲ့ မျက်နှာလေးကို မြတ်နိုးစွာငုံ့ကြည့်ကာ

"ကိုယ်က Vampire လေ... အိပ်စရာမလိုဘူး ပြီးတော့ မနေ့ကလည်း အစာအတင်းတိုက်ခံထားရတော့...  ကိုယ့် ကိုယ်ထဲမှာ အင်အားအပြည့်စီးဆင်းနေတယ်"လို့ ပြောလိုက်တော့ မစ်လ်ရဲ့မျက်နှာလေးဟာပိုမိုနီရဲလာကာ ပါးလေးတွေဆို ထိလိုက်တာနဲ့ ပေါက်ကွဲသွားမည်လို့တောင် ထင်ရသည်၊

"ခင်ဗျား.... အရင်နိုးရင်လည်း ထပါလား!! ဘာလို့ ငြိမ်ခံနေရတာလဲ!!" ခရစ်ချက်စ်ရဲ့ရင်ခွင်ကျယ်ကို ဖြေးဖြေးလေးတိုးကာ မကျေနပ်အော်ပြောလိုက်တော့ ခရစ်ချက်စ်ဟာ ခေါင်းမော့ကာရယ်မောလိုက်ပြီး

Zhao Wen Xuan(System)Where stories live. Discover now