Arc-10.17(စစ်သူကြီးပိုင်ကုဖန်း)

10.7K 1.3K 29
                                    

Zawgyi

ရှားကျစ်ဟန် လန့်သွားရသည့်အကြောင်းရင်းဟာ အနက်ရောင်ဆံပင်ရှည်ကို ဖြစ်ကလက်ဆန်းစီးနှောင်ထားပြီး သူတို့မော်ဒန်ခေတ်မှာ သရုပ်ဆောင်တော်တော်များလိုချင်သည့် ဗွီပုံသဏ္ဍာန်မျက်နှာပုံစံကို ပိုင်ဆိုင်ထားပြီး စူးရှတောက်ပကာ...အဲ မျက်လုံးထဲကနေ မီးထွက်နေသလို ခရမ်းရောင်မျက်ဝန်းရယ်၊တင်းစေ့ထားသည့် နူတ်ခမ်းတစ်စုံနဲ့ယောကျာ်းတစ်ယောက်ကြောင့် ဖြစ်သည်၊ထိုလူဟာ သူနဲ့အရပ်ရွယ်တူဖြစ်​နေသည်ကို သတိထားမိပြီး ကြည့်ကောင်းသည့်ရုပ်ရည်လည်း ပိုင်ဆိုင်ထားရုံမက သူ့အနီးနားရှိအော်ရာဟာလည်း နဂါးတစ်ကောင်ဟာ သူရဲ့ရန်သူကို အချိန်မရွေးတိုက်ခိုက်လာမလိုပေ၊

ဟားဟား...ဒါနှစ်ခါတွေးစရာမလိုအောင် ဒီကမ္ဘာရဲ့ဇာတ်လိုက် မင်ရန်ဟောက်ပဲ၊သူထင်ထားသလိုပဲ မင်ရန်ဟောက်ဟာ တကယ့်ကို ကြည့်ကောင်းသည့်သူတစ်ယောက်ဖြစ်ရုံမက ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် shouလုပ်မည့် ရုပ်မဟုတ်ပေ၊သူ​လေ့လာစူးစမ်း​နေတုန်းမှာ သူ့ဘေးကနေ ထိုလူဟာ ဖြတ်သွားပြီး သူ့ကို အေး... ရန်လိုသလို စိုက်ကြည့်သွား​သေးသည်၊ဒါသူတို့ပထမဆုံး​တွေ့ဆုံတာ​လေ၊ဘာ​ကြောင့် ဒီဇာတ်လိုက်က သူ့ကိုအရမ်းရန်လိုနေရတာလဲ?ပြီးတော့ ငါ ဒီဇာတ်လိုက်ကိုယ်ပေါ်မှာ ရင်းနှီးပြီး စိတ်ပျက်စရာကောင်းတဲ့အနံ့အသက်ရနေသလိုပဲ၊

"ဘာလို့ သူစိမ်းတစ်​ယောက်ကို မင်းတဲထဲမှာ နေခွင့်ပေးထားတာလဲ?" လို့ ရေခဲသမျှ အေးစက်ကာထွက်လာသည့်အသံကြောင့် ပိုင်ကုဖန်း အလန့်တကြားမော့ကြည့်လာသည့်ချိန်မှာ သူ့ကို ဒေါသတကြီးစိုက်ကြည့်နေသည့်မင်ရန်ဟောက်ကို တွေ့လိုက်ရတော့သည်၊သူဟာ မင်ရန်ဟောက်အဖြေကို တန်းမဖြေနိုင်ဘဲ ကြောင်အကြည့်နေမိသည်၊ သူအမြင်ပဲ မှားသလား?? သူတနေ့ကမှ နန်းမြို့တော်ကနေ ထွက်ခွာလာပေမယ့် ၂ရက်ကြာသည့်ခရီးကြမ်းကြောင့် ဒီနေ့မှ နယ်စပ်မြို့ကို ရောက်လာခြင်းဖြစ်သည်၊ဒါပေမယ့် အခု သူရှေ့မှာ မင်ရန်ဟောက်ကြီးကို မြင်နေရပြီဖြစ်သည်၊!!!ညအမှောင်မှာ သူ့ကို သရဲခြောက်တာလား!!!

"ပိုင်ကုဖန်း! မင်းကို ကိုယ်တော် မေးနေတယ်လေ!!" လို့ ဟိန်းထွက်လာသည့်အသံကြောင့် အပြင်ဘက်မှာ ခိုးနားထောင်နေသည့် ရှားကျစ်ဟန်နဲ့အခြားဘုရင့်သက်တော်စောင့်တွေပါ တုန်တက်သွားကာ ထိုနားကနေခွာသွားကြတော့သည်၊သူတို့မှာ စစ်သူကြီးပိုင်ကုဖန်း ကံကောင်းပါစေလို့သာ ဆုတောင်းနိုင်ရုံသာ တတ်နိုင်သည်၊

Zhao Wen Xuan(System)Where stories live. Discover now