Arc.10.4(စစ်သူကြီးပိုင်ကုဖန်း)

12K 1.7K 69
                                    

Zawgyi

ထန်တိုင်းပြည်ရဲ့နေပြည်တော်ကနေ ခြောက်သောင်းအင်အားရှိတဲ့တပ်ကို ငွေရောင်စစ်ဝတ်စုံနဲ့အမျိုးသားငယ်တစ်ဦးဟာ ဦးဆောင်လာတော့သည်၊လမ်းတလျှောက်တွင် ဖုန်တွေထကြွနေပေမယ့် ငွေရောင်သံကျပ်ကာများနဲ့စစ်သည်တော်တို့ရဲ့ ရဲရင့်ပြတ်သားပြီးတောက်ပသည့်မျက်ဝန်းများကို မဖုံးလွှမ်းနိုင်ချေ၊ မှန်သည် ထိုစစ်တပ်ဟာ ပိုင်စစ်တပ်ဖြစ်ပြီး သူတို့ဟာ မရပ်မနားပဲ နယ်စပ်ကို ခရီးနှင်လာကာ နှစ်ရက်အကြာမှာ ထန်ဟိုင်းမြို့ကို ရောက်ရှိလာတော့သည်၊ဒါပေမယ့် စစ်သည်တော်အလောင်းများနဲ့ အိမ်တိုင်းဟာ တံခါးတွေအလုံပိတ်ထားကာ တိတ်ဆိတ်နေတော့သည်၊ သူတို့ရဲ့မြင်းခွာသံများနဲခြေသံများသာ ကြားရပြီး ဂိတ်ဝကို ဆက်လက်ဖြတ်ကျော်လာတော့ ... ပိုင်ကုဖန်းဟာ မြင်းကို ရုတ်တရက်ရပ်တန့်လိုက်ပြီး... ဂိတ်ဝမှာ ဆွဲထားသည့် လူသေလောင်းတွေကို ကြည့်ကာ လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး...

"အစ်ကိုဟောင်... အစ်ကိုကျစ်ယန်! " နီရဲနေသောမျက်ဝန်းများဖြင့်ကြည့်လိုက်ကာ ကျယ်လောင်စွာခေါ်လိုက်တော့သည်၊မှန်သည် ဂိတ်ဝတွေချိတ်ထားသည့် အလောင်းသုံးလောင်းထဲမှ နှစ်လောင်းမှာ သူချစ်သားဘဝထဲက တူတူတိုက်ပွဲဝင်ခဲ့သည့် သူ့ရဲ့သွေးသောက်အစ်ကိုနှစ်ဦးဖြစ်သည်၊ အရင်ဘဝက သူတို့နှစ်ဦး ဒီလိုအဖြစ်ဆိုးစွာသေဆုံးခဲ့ရသည်ကို အရင်ပိုင်ကုဖန်းဟာ မသိခဲ့သော်လည်း လက်ရှိပိုင်ကုဖန်းကတော့ ထိုသို့ကြုံတွေ့လိုက်ရသည့်အချိန်မှာ... သူရဲနှလုံးသားများဟာ တစစီကြေကွဲအက်တော့ကာ ရင်ထဲကနေ အပ်ပေါင်းများစွာပြိုင်စိုက်ခံလိုက်ရသလိုပင်၊ ပိုင်ကုဖန်းဟာ ဂိတ်ဝအလွန်ကနေ လှမ်းမြင်နေပြီဖြစ်တဲ့ အနီရောင်အလံတွေကို ကြည့်ကာ...

"အစ်ကိုဟောင်နဲ့အစ်ကိုကျစ်ယန် ကျွန်တော်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်...အစ်ကိုတို့ကို ကောင်းမွန်စွာမြေမမြုပ်ပေးတော့ပေမယ့် မကြာခင် ကျွန်တော်လည်း အစ်ကိုတို့နောက်ကို လိုက်လာပေးမှာပါ"လို့ ပြောလိုက်ကာ မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ဂိတ်ဝမှာ ချိတ်ထားသည့် အလောင်းသုံးလောင်းကို မြေပြင်ပေါ် သေချာချကာ

Zhao Wen Xuan(System)Where stories live. Discover now