Arc.6.12(Shunosuke Tadashi)

18K 2.1K 83
                                    

စာလုံးပေါင်းပြန်မစစ်တာကြောင့် အမှားပါရင်သည်းခံပါဗျ
အရေးအသားမသေသပ်ရင်လည်း တောင်းပန်ပါတယ်

Zawgyi
Kinoseဟာ Natsukiကို စိတ်ပျက်စွာကြည့်လိုက်ပြီး အစောင့်တွေကို နှင်ထုတ်ရန် မျက်နှာရိပ်မျက်နှာခြေပြလိုက်သည်၊ အစောင့်များကလဲ တော်တော် အမြင်ကတ်နေပြီလေ လက်မောင်းကနေ ဆွဲခေါ်ဖို့လုပ်ပေမယ့်

"နိမ့်ကျတဲ့ကောင်တွေ ဘယ်လောက်တောင် မြင့်မြတ်သူတယောက်ရဲ့အသားကို ထိဖို့ကြိုးစားနေတာလဲ... စီနီယာ သူတို့ကို အပြစ်ပေးပေးပါ"

"သူကို မောင်းထုတ်လိုက်!!"

စီနီယာက သူကို ဘာကြောင့်မောင်းထုတ်ချင်နေရတာလဲ!! သူအနားတိုးလာတဲ့ရဲမက်တွေကြောင့် natsukiဟာ စိတ်ပျက်လာသည်၊တကယ်လို့ နန်းတော်ထဲက မောင်းထုတ်ခံရတယ်လို့ သူသူငယ်ချင်းတွေသိလို့ကတော့ လှောင်ရယ်တော့မှာ သေချာသည်၊

"ကိုကို သူကို ဒီအတိုင်းပဲ ထွက်သွားခိုင်းလိုက်ပါ တကယ်လို့ နန်းတော်ထဲက မောင်းထုတ်ခံရတာ သိကျရင် Natsukiအတွက် မကောင်းဘူးလေ၊ သူက ငယ်ရွယ်သေးတော့ အလိုက်ကမ်းဆိုးမသိတတ်သေးတာပါ ပြီးတော့ အစေခံကို ဆုံးမရတာလဲ ကျွန်တော့်ကြောင့်ပဲလေ"

Kinoseလဲ သူချစ်သူလေးပြောတာကြောင့် ရဲမက်တွေအား လွှတ်ပေးလိုက်ရန် ခေါင်းညိတ်ပြလိုက်သည်၊ Natsukiဟာ သူကို လွှတ်ပေးဖို့ ပြောသူက Tadashiမှန်းသိပေမယ့် သိပ်လက်မခံချင်သေးပေ၊ သူဟာ Tadashiကို မုန်းတီးစွာစိုက်ကြည့်ပြီး ထွက်သွားတော့သည်၊ သူကို တယောက်မှ အရေးမလုပ်ပင်၊Kinoseဟာ Tadashi လက်လေးကို ကိုင်လိုက်ပြီး အထိန်းတော် ယူလာတဲ့ ဆေးကို ယူကာ လမ်းပေါ် လိမ်းပေးလိုက်ပြီး

"လက်က တော်တော်နီရဲသွားတာပဲ နာသေးလား" ယုယုယယလေး ဆေးလိမ်းပေးနေသော Kinoseအား မျက်တောင်မခတ်ပဲ ငေးမောနေမိသည် ဒီလူ တော်တော်ချောတာပဲ၊ အနီးကပ်ကြည့်လေ ပိုချောလေပဲ၊ ကမ္ဘာ့တိုင်းမှာ ဘာကြောင့် သူချစ်သူဝင်တဲ့ ကိုယ်တွေက အင်အားလည်းကြီးမားတဲ့အပြင် ယောကျာ်းဆန်ပြီးခန့်ညားနေရတာလဲ ၊

Zhao Wen Xuan(System)Where stories live. Discover now