Arc-12.0(Little Lover)

5.7K 745 22
                                    

Zawgyi

တစ်ချိန်တစ်ခါတုန်းက လူသားတွေဆီသို့ ကြီးမားတဲ့ကပ်ဆိုးကျရောက်လာခဲ့တယ်၊ထိုကပ်ဆိုးကြီးကို ကျော်ဖြတ်ဖို့ လူသားမျိုးနွယ်စုဟာ တစ်ခြားမျိုးနွယ်စုတွေနဲ့ သွေးရောဖို့ လက်ခံလိုက်ကျတော့သည်၊

ထိုကပ်ဆိုးကြီးဟာ လူသားမျိုးနွယ်စုကိုသာ သက်ရောက်ခဲ့ပြီး တစ်ခြားမျိုးနွယ်စုတွေကို သက်ရောက်မှုနည်းတာကြောင့်လည်း လူသားမျိုးနွယ်စုဟာ သူတို့မျိုးနွယ်ကို သွေးနှောအဖြစ်လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်၊

ထိုအချိန်မှာပဲ အနည်းငယ်သာ ကျန်ရစ်ခဲ့သည့်လူသားမျိုးနွယ်တွေဟာ ခရမ်းအိုရောင်ကျောက်တိုင်ကြီးရှေ့မှာ ရပ်တန့်သာ သူတို့နဲ့သင့်တော်တဲ့သွေးနှောကို လက်ခံကျတော့သည်၊

ပထမဆုံးသွေးနှောမျိုးနွယ်စုမှာ ထန်ရာလ်(နတ်သွေး)မျိုးနွယ်စုဖြစ်ပြီး ထန်ရာလ်မျိုးနွယ်စုဟာ ရွှေရောင်ဆံပင်များနဲ့ ကောင်းကင်ပြာလိုမျက်ဝန်းများပိုင်ဆိုင်ကာ တစ်ခြားမျိုးနွယ်စုတွေထက် အသက်ရှည်ကာ သန့်စင်တဲ့နှလုံးသားပိုင်ဆိုင်တွေဖြစ်ကျတယ်၊ဒါကြောင့် သန့်စင်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တာကြောင့် အခြားမျိုးနွယ်စုဝင်တွေဟာ ထန်ရာလ်မျိုးနွယ်စုကို ယုံကြည်ကာလေးစားကျသည်၊

ဒါပေမယ့် လူသားသွေးပါပါရှိနေတာကြောင့် လောဘတရားကတော့ အတောမသတ်နိုင်ပေ၊

ဒုတိယသွေးနှောမျိုးနွယ်စုကတော့ မိုဟွာ(နတ်ဆိုး)မျိုးနွယ်စုဖြစ်ပြီး ဂျက်ကျောက်လိုမဲနက်နေတဲ့ဆံပင်များကို ပိုင်ဆိုင်ထားပြီး တော်ဝင်ဆန်မိုဟွာတွေကတော့ ငွေရောင်ဆံပင်များနဲ့ရွှေအိုရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားကျသည်၊သူတို့ဟာ ကြမ်းကြုတ်ကာ အေးစက်ရက်စက်ကျပေမယ့် ကတိသစ္စာရှိကာ မျိုးနွယ်စုပေါ် အသက်ပေးနိုင်ကျသူများဖြစ်ကျသည်၊

တတိယသွေးနှောမျိုးနွယ်စုကတော့ ကျစ်ယန်(သားရဲ)မျိုးနွယ်စုဖြစ်ပြီး သူတို့ကတော့ မျိုးစုံသောသားရဲပုံသဏ္ဍာန်တွေရှိကျပြီး အင်အားကြီးဆုံးကျစ်ယန်မျိုးနွယ်ဝင်ကတော့ တော်ဝင်ကျစ်ယန်မျိုးနွယ်ဖြစ်တဲ့ခြင်္သေ့မျိုးနွယ်ဝင်သာဖြစ်ပြီး အရှားပါးဆုံးမျိုးနွယ်စုကတော့ မန်မျိုးနွယ်ဝင်ဖြစ်သည်၊

Zhao Wen Xuan(System)Where stories live. Discover now